သြဂုတ် ၄
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
မြိတ်ခရိုင်အတွင်းရှိ မြို့နယ် သုံးခုတွင် ပြီးခဲ့သည့် ရက်ပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၅၂ လုံး ပြိုကျ ပျက်စီးခဲ့ပြီး၊ လူဦးရေ ၅၀၀ နီးပါး သဘာ၀ ဘေးဒဏ် ခံစား နေရကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးမှ တာဝန်ရှိသူထံမှ သိရသည်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးဉာဏ်မြင့်က“လေဘေးကြောင့် လူနေအိမ် ၅၂ လုံးပျက်စီးခဲ့ပါတယ်၊ လူဦးရေ ၄၉၀ ဦးက နီးစပ်ရာ ဆွေမျိုး အသိုင်းဝိုင်း နေအိမ်တွေမှာ ဘေးလွတ်ရာ ခိုလုံနေရပါတယ်”ဟု ပြောဆို သည်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
သြဂုတ်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် မြိတ်ခရိုင် အတွင်းက မြိတ်၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့တွင် ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် မြို့နယ်သုံးခုတွင် လူနေအိမ် ၄၇လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကာ ၊ ပြိုကျပျက်စီး လူနေအိမ် ၅၂ လုံး ရှိခဲ့သည်။အစိုးရအနေဖြင့်ထိုပျက်စီးဆုံးရုံးခဲ့သည့် မိသားစုဝင် ၄၉၀ ဦးကို ထောက်ပံ့ငွေကျပ်(၈၆၂၄၀၀၀) ပေးအပ်ခဲ့ကြောင်း အထက်ပါ ဌာနမှ တာဝန်ရှိသူက ပြောသည်။