မိနစ် ၉၀ အတွင်းအဖြေသိနိုင်သည့် COVID-19 စမ်းသပ်ကိရိယာပေါင်း သန်းနှင့်ချီ၍ ဗြိတိန်ဖြန့်ဝေမည်

မိနစ် ၉၀ အတွင်းအဖြေသိနိုင်သည့် COVID-19 စမ်းသပ်ကိရိယာပေါင်း သန်းနှင့်ချီ၍ ဗြိတိန်ဖြန့်ဝေမည်

ဩဂုတ် ၃

မိနစ် ၉၀ အတွင်း ဗိုင်းရပ်စ်စမ်းသပ်နိုင်သော ကိုဗစ်-၁၉ စမ်းသပ်ကိရိယာ သန်းပေါင်းများစွာကို ဗြိတိန်ဆေးရုံများ၊ စောင့်ရှောက်ရေးဂေဟာများနှင့် ဓာတ်ခွဲခန်းများသို့ လာမည့်လများတွင်  ဖြန့်ဝေသွားမည်ဟု ဗြိတိန် ကျန်းမာရေးဝန်ကြီး Matt Hancock က တနင်္လာနေ့တွင်ပြောသည်။  

DNA များနှင့် တို့ဖတ်နမူနာပေါင်း ၄၅၀ ၀၀၀ ကိုအသုံးပြီး စမ်းသပ်မှုပေါင်း ၅.၈ သန်းလုပ်ဆောင်သွားမည်ဖြစ်ကာ ကျန်းမာရေးပညာရှင်များ၏ အကူအညီမလိုဘဲ လုပ်ဆောင်နိုင်မည်ဟု Matt Hancock က ဆိုသည်။

ဆောင်းရာသီရောက်တော့မည်ဖြစ်သဖြင့် တုပ်ကွေးရော ကိုဗစ်-၁၉ ပါ စမ်းသပ်နိုင်သည့်အချက်က များစွာအကျိုးကျေးဇူးကြီးမားပြီး လူနာများသည် ၎င်းတို့ကိုယ်တိုင်နှင့်တခြားသူများကိုကာကွယ်ရန် မှန်ကန်သောအကြံဉာဏ်များကို လိုက်နာနိုင်မည်ဟု Matt Hancock ကပြောသည်။

အများပြည်သူရန်ပုံငွေဖြင့်လည်ပတ်နေသော အမျိုးသားကျန်းမာရေးဌာနသည် ကင်ဆာလူနာများအတွက် ကိုယ်ခံအားစနစ်ကို ကြီးကြီးမားမား မသက်ရောက်သောဆေးဝါးများအပါအဝင် ကိုဗစ်-၁၉ ကုသနည်းများကို အသုံးပြုသွားမည်ဟုဆိုသည်။

ဗြိတိန်ကျန်းမာရေးစနစ်သည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှု အဆိုးဆုံးအချိန်တွင် အပြင်းအထန်ခံစားခဲ့ရသည်။ ရိုက်တာ၏ တနင်္ဂနွေနေ့စစ်တမ်းများအရ ဗြိတိန်တွင် ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၄၆ ၀၀၀ သေဆုံးခဲ့ရပြီး ကမ္ဘာတွင် စတုတ္ထမြောက် သေဆုံးမှုအများဆုံနိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly