တောင်အာဖရိကတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သန်းဝက်ကျော်အထိ ရှိလာ

တောင်အာဖရိကတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သန်းဝက်ကျော်အထိ ရှိလာ

သြဂုတ် ၂

တောင်အာဖရိကနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူဦးရေသည် ယခုအခါ သန်းဝက်ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း ယင်းနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်သည်။

တချိန်တည်းမှာပင် အာဖရိကဒေသ တစ်ခုလုံးတွင်မူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူစုစုပေါင်းသည် တစ်သန်းနားအထိ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

အာဖရိက၏ စက်မှုအထွန်းကားဆုံး နိုင်ငံ တောင်အာဖရိကတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၀,၁၀၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ယခုအခါ ကူးစက်ခံရသူစုစုပေါင်းသည် ၅၀၃,၂၉၀ အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးသော အတည်ပြုဖြစ်စဉ်ကို ပြီးခဲ့သည့် ငါးလအကြာက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ ယင်းနိုင်ငံ၌ လူပေါင်း သုံးသန်းကျော်ကိုသာ ဗိုင်းရပ်စ် စစ်ဆေးမှု လုပ်ဆောင်ထားရသေးကြောင်း သိရသည်။

ထို့ပြင် ယင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၈,၁၅၃ ဦး ရှိနေသည်။

အာဖရိကဒေသတစ်ခုလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၉၃၄,၅၅၈ ဦး၊ သေဆုံးသူ ၁၉,၇၅၂ ဦး နှင့် ပြန်လည်သက်သာလာသူ ၅၈၅,၅၆၇ ဦး ရှိကြောင်း ရိုက်တာ၏ စာရင်းအချက်အလက်များအရ သိရသည်။

တောင်အာဖရိကနိုင်ငံရှိ အာဏာပိုင်များသည် ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် မတ်လကုန်က နိုင်ငံတဝန်း လော့ခ်ဒေါင်း ချမှတ်ခဲ့သော်လည်း ယခုအခါ စီးပွားရေး လုပ်ဆောင်မှုများကို ပြန်လည်တွန်းအားပေးရန် ပိတ်ပင်ကန့်သတ်ချက် အများအပြားကို ဖြေလျှော့ပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly