ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖြစ်ဆောင်ရွက်ခဲ့သူ ဦးစိုးဝင်း ကွယ်လွန်

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖြစ်ဆောင်ရွက်ခဲ့သူ ဦးစိုးဝင်း ကွယ်လွန်
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ဇူလိုင် ၂၅ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် နှစ်ပေါင်း ၂၀ ကျော် ဆောင်ရွက်ပေးခဲ့သည့် ဦးစိုးဝင်းသည် ဇူလိုင် ၂၅ ရက်၊ ညနေ ၃ နာရီခန့်တွင် ကွယ်လွန်သွားခဲ့သည်။

ဦးစိုးဝင်းသည် သားဖြစ်သူနှင့်အတူ ခရီးသွားလာစဉ် ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဦးစိုးဝင်း၏ နာရေးကိုမူ ဇူလိုင် ၂၆ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။

ဦးစိုးဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်ချိန်တွင် ပါတီသို့ဝင်ရောက်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် သုံးရောင်ခြယ်အဖွဲ့ဝင်အဖြစ်လည်းဆောင်ရွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး ကို ထိုစဉ်အချိန်မှ ယနေ့အထိ ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။

သူကွယ်လွန်သွားခဲ့သည့်အတွက် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊အစိုးရအဖွဲ့ဝင်တချို့နှင့် ပါတီဝင်များက ဝမ်းနည်းစိတ်မကောင်းကြောင်း လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly