အသွားအလာကန့်သတ်ချက်ဖြေလျှော့အပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ကိုဗစ်ကူးစက်ခံရသူဦးရေ ဆက်ပြီးတိုးလာတာကြောင့် ကန့်သတ်ချက်တွေ ပြန်ချဖို့Los Angeles မြို့တော်ဝန် Eric Garcetti က ကြေညာလိုက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အကျဉ်းထောင်တွင်းမှာလည်း ကိုဗစ်ကူးစက်မှုတွေ တော်တော်လေးများလာတာကြောင့် အမှုငယ်နဲ့ထောင်ကျတဲ့ အကျဉ်းသား ၈ ထောင်လောက်ကို စောပြီး လွှတ်ပေးဖို့ ကယ်လီဖိုးနီးယားပြည်နယ်အာဏာပိုင်တွေက စဉ်းစားလာကြပါတယ်။ VOA သတင်းထောက် Angelina Bagdasaryan ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင်က ပြောပြပါမယ်။