အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် လူ ၁ သန်းကျော် ကူးစက်သည့် တတိယမြောက်နိုင်ငံဖြစ်လာ

အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် လူ ၁ သန်းကျော် ကူးစက်သည့် တတိယမြောက်နိုင်ငံဖြစ်လာ

ဇူလိုင် ၁၈

အိန္ဒိယနိုင်ငံသည် ဇူလိုင် ၁၇ ရက်၌ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ တစ်သန်းကျော်သည့် တတိယမြောက်နိုင်ငံဖြစ်လာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်လျက်ရှိစဉ် အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့ ပြီးလျှင် အိန္ဒိယက ကူးစက်ဖြစ်ပွားမှု အများဆုံး ဖြစ်သည်။

ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူပေါင်းသည် ၅၈၈၀၀၀ ကျော် ရှိနေပြီး ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက တရုတ်တွင် စတင် ဗိုင်းရပ်စ် ပေါ်ပေါက်ချိန်ကစ၍ ကမ္ဘာအနှံ့ ကူးစက်သူနှုန်းထားသည် ၁၄ သန်း နီးပါး ရှိလာပြီ ဖြစ်သည်။

သို့သော် စီးပွားရေးကို ယိုင်နဲ့နေ‌ေသာ လူများ ခရီးသွားလာမှုကို အလွန်အမင်း ကန့်သတ်မှုများ ချမှတ်ထားသည့်ကြားမှပင် ကမ္ဘာ့နေရာတော်တော်များများတွင် ကပ်ဘေးက ဆိုးရွားလာလျက် ရှိသည်။

ဘရာဇီးတွင် ကူးစက်ဖြစ်ပွားသူပေါင်း နှစ်သန်းကျော်ပြီး နောက်တစ်ရက်မှာပင် အိန္ဒိယနိုင်ငံက ကူးစက်မှုနှုန်း တစ်သန်းကျော်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံတွင်လည်း တစ်နေ့တာ ကူးစက်မှုနှုန်း စံချိန်တင်ပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၇၇၀၀၀ ကျော် စံချိန်တင်ကူးစက်ခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်သည်။

ဗိုင်းရပ်စ်ကပ်ဘေးအတွင်းမှာပင် ရုရှက ကာကွယ်ဆေးသုတေသနများကို ခိုးယူသည်ဟု စွပ်စွဲရင်း အနောက်အုပ်စုနိုင်ငံများကြား နိုင်ငံရေးကွဲလွဲမှုများ နက်ရှိုင်းလာစေသည်။

ကပ်ဘေးအပြီး စီးပွားရေး ပြန်လည်နာလန်ထူရေးကို ကြိုးပမ်းမည့် ဥရောပနိုင်ငံများ၏ သောကြာနေ့က မျက်နှာချင်းဆွေးနွေးပွဲများ ကျင်းပနေစဉ်မှာပင် ရုရှက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသုတေသနများကု ဟက်ကာခိုးယူနေသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ကမ္ဘာ့ ဒုတိယ လူဦးရေအများဆုံး အိန္ဒိယနိုင်ငံတွင် တစ်နေ့တည်း၌ လူ ၆၀၀ ကျော် သေဆုံးပြီးနောက် လော့ဒေါင်းများ ပြန်လည်ချမှတ်လာခဲ့သည်။

အိန္ဒိယနိုင်ငံတွင် မွမ်ဘိုင်းနှင့် နယူးဒေလီကဲ့သို့ မြို့ကြီးများသည် ယခင်က ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားရာအဖြစ် ရှိခဲ့သော်လည်း နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ရှိရာ မြို့ငယ်များနှင့် ကျေးလက်တောနယ်များတွင် မကြာသေးမီက ကူးစက်မှုနှုန်း စိုးရိမ်စရာ ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly