ရွေးကောက်ပွဲကျင့်ဝတ် CoC စောင့်ကြည့်ကြပ်မတ်ရေးကော်မတီဖွဲ့စည်းမည်

ရွေးကောက်ပွဲကျင့်ဝတ် CoC စောင့်ကြည့်ကြပ်မတ်ရေးကော်မတီဖွဲ့စည်းမည်
ဓာတ်ပုံ - သက်ကို ( မဇ္ဈိမ )

ဇူလိုင် ၁၇

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင်ကျင်းပမည်ဖြစ်သောကြာင့်  ဇွန်လ ၂၆ရက်နေ့က ထုတ်ပြန်လိုက်သည့် (Code Of Conduct) ကို လိုက်နာကြမည့်နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက်  စောင့်ကြည့်ကြပ်မတ်ရေးကော်မတီ တစ်ရပ်ဖွဲ့စည်းသွားရန် နိုင်ငံရေးပါတီ ၅၀ ကျော်က ဆွေးနွေးနေကြသည်။

ဓာတ်ပုံ - သက်ကို ( မဇ္ဈိမ )

 ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရန်ကျင့်ဝတ်ကို သဘောတူညီလက်မှတ်ရေးထိုးပြီးဖြစ်သည့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်သော ပါတီများ အစုအဖွဲ့က CoC ကြပ်မတ်ရေးကော်မတီကို ယနေ့မှစတင်၍ ရန်ကုန်မြို့ မလီယာဟိုတယ်တွင် ဆွေးနွေးနေကြခြင်းဖြစ်သည်။

“ဒါက ကျင့်ဝတ်ပဲ၊ ရွေးကောက်ပွဲကြီးပျက်သွားတဲ့အထိတော့မဖြစ်လောက်ဘူး။ ပျက်သွားမယ်ဆို ရာဇာဝတ်ကြောင်းလာမယ်။ တရားမကြောင်းအရင်လာမယ်။ မတရားမဲ့ပြုကျင့်မှုတို့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေလာမယ်။ အခုကဒီအဆင့်မျိုးမရောက်ပါဘူး။ ကျင့်ဝတ်ဆိုတာပြည်သူတွေကသိမယ်။ ပါတီတွေက ကျင့်ဝတ်သိပ်က္ခာရှိသလားမရှိသလား ဘယ်ပါတီကတော့ကျင့်ဝတ်သိက္ခာစောင့်ထိန်းတယ်။ ရွေးကောက်ပွဲကျင့်ဝတ် အဲဒါပါပဲ “ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရန်ဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်သူ ဦးကျော်ဟိုးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ထူးခြားမှုဖြစ်သော (Code OF Conduct) အငြင်းပွားမှုတွင် ပင်မအတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် သူ၏မဟာမိတ်ပါတီ ၂၀ ကျော်က လက်မှတ်မထိုးဘဲနေသည်။

ဓာတ်ပုံ - သက်ကို ( မဇ္ဈိမ )

“ဒီကျင့်ဝတ်ဆိုတာကလည်း သူတို့ပြောသလို့ပေါ့ ၊ထိုးချင်လည်းထိုး ၊မထိုးချင်လည်းမထိုးတဲ့သဘောပဲ။ သူတို့သဘောထားကိုအသိအမှတ် ပြုရမှာပေါ့ ၊ ဘာမှတော့ပြောစရာမရှိပါဘူး။ အဓိက ထိုးတဲ့လူပေါ်ပဲမူတည်တယ်။ထိုးတဲ့လူက လိုက်နာမယ်။ ကျင့်သုံးမယ်၊စောင့်ထိန်းမယ် လို့သဘောထားပေးတာပဲ ။ထိုးတဲ့လူအချင်းချင်းစောင့်ထိန်းကြဖို့  ဒီသဘောပါ “ ဟု ဦးကျော်ဟိုး ကထပ်မံ ပြောသည်။

စောင့်ကြည့်ကြပ်မတ်ရေးကော်မတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့အကြား ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင်အပြန်အလှန် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်းသိရသည်။

အဆိုပါကကော်မတီဖွဲ့စည်းမည့်အကြောင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားထားကြောင်းပြီးကော်မတီတွင် တာဝန်ယူမှုအပိုင်းကိုယနေ့အစည်းအဝေးအပြီးတွင်ဆုံးဖြတ်မည်ဖြစ်ကြောင်းသိရသည်။

ဒီကော်မတီအနေဖြင့် (Code OF Conduct) ကိုလက်မှတ်ရေးထိုးထားသောနိုင်ငံရေးပါတီများမှကိုယ်စားလှယ်လောင်းများကိုရွေးကောက်ပွဲကာလစည်းရုံးရေးလုပ်ငန်းများအပေါ်သာစောင့်ကြည့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly