ဇူလိုင်လ ၁၁ ရက်နေ့က မလေးရှားမှာတရားမဝင်နေထိုင်နေတဲ့မြန်မာလုပ်သားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုထပ်မံဖြစ်ပွားခဲ့တာကြောင့် နှစ်လလောက်အတွင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ ကိုးဦးအထိရှိနေပြီဖြစ်ပါတယ်။
ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံပြန်ခွင့်မရသေးတဲ့ မလေးရှားရောက်မြန်မာတွေ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရသလဲ။ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာလုပ်သားတွေနေရပ်ပြန်ရေးဘယ်လိုအခြေအနေရှိနေသလဲဆိုတာကို မလေးရှားနိုင်ငံ၊ ကွမ်တန်းမြို့က ကွမ်တန်းနိစ္စဒါနလူမှုကူညီရေးအသင်း၏ တာဝန်ခံ ကိုဇော်မျိုးကို Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
တည်းဖြတ်/တင်ဆက် - ဖူးအိအိနွယ်