စင်ကာပူ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၄၇ ဦး ထပ်တွေ့ပြီး သေဆုံးသူ ၂၇ ဦးအထိ ရှိ

စင်ကာပူ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၄၇ ဦး ထပ်တွေ့ပြီး သေဆုံးသူ ၂၇ ဦးအထိ ရှိ

ဇူလိုင် ၁၅

စင်ကာပူနိုင်ငံတွင် ဇူလိုင် ၁၄ ရက် နေ့လည်ခင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၄၇ ဦး ထပ်မံတွေ့ရှိပြီး ၎င်းတို့အနက် ကူးစက်မှု ခုနစ်ခုသည် တစ်နေရာတည်းတွင် သီးသန့်နေထိုင်သော လူစုရပ်ကွက်တစ်ခုတွင် ကူးစက်ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန (MOH) က ထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၇ ဦးမြောက် သေဆုံးသူ ရှိလာခဲ့ကြောင်းနှင့် ၎င်းသေဆုံးသူသည် Case 17168 ဟု သိကြသော အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း MOH က ထုတ်ပြန်သည်။

အဆိုပါ စင်ကာပူအမျိုးသားသည် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်းကို ပြီးခဲ့သည့် ဧပြီ ၃၀ ရက်တွင် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

တစ်နေရာတည်းတွင် သီးသန့်နေထိုင်သော လူစုရပ်ကွက်တွင် ကူးစက်ခံရသူခုနစ်ဦးမှာ စင်ကာပူနိုင်ငံသားတစ်ဦး၊ work pass ကိုင်ဆောင်ထားသူ သုံးဦးနှင့် work permit ကိုင်ဆောင်သူ သုံးဦးတို့ ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ခုနစ်ဦးအနက် လေးဦးမှာ ကြိုတင် စောင့်ကြည့်စစ်ဆေးမှု၏ ရလဒ်ကြောင့် စစ်ဆေးသိရှိခဲ့ပြီး ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကာ ကျန်သုံးဦးကိုလည်း အစောပိုင်းကတည်းက ကွာရန်တင်း ထားရှိထားပြီး ဖြစ်ကြောင်း သိရသည်။

ယခုအခါ စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူစုစုပေါင်းမှာ ၄၆,၆၂၉ ဦး ရှိသွားပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly