ပုဒ်မ ၁၉ဖြင့် အမှုဖွင့်ခံထားရသည့် မောင်ဆောင်းခအမှုမှ တရားလိုပြသက်သေ မြို့နယ်ရဲမှူးကို စတင်စစ်ဆေး

ပုဒ်မ ၁၉ဖြင့် အမှုဖွင့်ခံထားရသည့် မောင်ဆောင်းခအမှုမှ တရားလိုပြသက်သေ မြို့နယ်ရဲမှူးကို စတင်စစ်ဆေး
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ဇူလိုင် ၁၄

ရန်ကုန်မြို့ ၊ဆူးလေးတံတားပေါ်မှာ  “အင်တာနက်ဖြတ်တောက်မှုအလိုမရှိ” စာသားပါ ပိတ်စများချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့သည့် မောင်ဆောင်းခကို ငြိမ်းစုစီဥပဒပုဒ်မ ၁၉နဲ့ တရားစွဲဆိုထားတဲ့အမှုမှာ တရားလိုပြသက် သေအဖြစ် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသက်ကို တရားရုံးက စတင်စစ်ဆေးခဲ့ပါတယ်။

အမှုအတွက် တရားရင်ဆိုင်ရတဲ့ ဒုတိယမြောက်ရုံးချိန်းမှာ တရားရုံးက အခုလို တရားလိုပြသက်သေကိုစတင် စစ်ဆေးခဲ့တာဖြစ်ပြီး တရားလိုဘက်က တရားလိုပြသက်သေ ၆ ဦးကို တင်သွင်းထားပါတယ်။
တတိယမြောက်ရုံးချိန်းကိုတော့ ဇူလိုင် ၂၁ရက်မှာ ပြန်လည်ချိန်းဆိုထားတယ်လို့လည်း မောင်ဆောင်းခက ပြော ပါတယ်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

“ဒီနေ့က ကျောက်တံတားမြို့နယ်ရဲမှူးမျိုးသက်ကို စတင်စစ်ဆေးပါတယ်။ နောက်ရုံးချိန်းကို ၂၁ ရက်နေ့ ချိန်းထားပါတယ်။ စုစုပေါင်း တရားလိုပြသက်သေ က ခြောက် ဦးစစ်မှာပါ” ဟု တရားစွဲဆိုခြင်းခံထားရသည့် မောင်းဆောင်းခ မဇ္ဈိမသတင်းဌာနကို ပြောပါတယ်။

အခုလို အမှုရင်ဆိုင်ရာမှာ တရားလိုဘက်က လိုပြသက်သေ ခြောက်ဦးတင်သွင်းထားတာဖြစ်ပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ တရားရုံးကိုတင်သွင်းလာမယ်ဆိုတာကို ကြည့်ပြီး ခုခံချေပဖို့အတွက် ရှေ့နေနဲ့ ပြန်လည်တိုင် ပင်သွားမယ်လို့လည်း မောင်ဆောင်းခက ပြောပါတယ်။

“ သူတို့ဘက်ကနေ ဘယ်လိုတွေ တင်သွင်းလာမယ်ဆိုတာ အဲဒီအပေါ်ကြည့်ရမှာပါ။ တင်သွင်းချက်တွေပေါ်ကြည့် ပြီးတော့ ဘယ်လိုခုခံချေပမလဲဆိုတာ ရှေနေ့နဲ့ပြန်တိုင်ပင်ရမှာဖြစ်ပါတယ်။ “ ဟု ဒီကနေ့ ရုံးချိန်းအပြီးမှာ ဖြေဆိုခဲ့ပါတယ္။

အမှုအတွက် ပထမအကြိမ်ရုံးချိန်းကိုတော့ ဇူလိုင် ၈ရက်က ပြုလုပ်ခဲ့ပြီး အဲဒီရုံးချိန်းမှာတော့ အခုစွဲဆိုထားတဲ့ အမှုဟာ အမှုအသေးဖြစ်တဲ့အတွက် အမှုကို ရက် ၉၀ အတွင်းအပြီးသတ်လုပ်ဆောင်သွားဖို့ လုပ်ဆောင်ခဲ့တယ် လို့လည်း သိရပါတယ်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်တို့မှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ၂၁ ရက်နေ့ စတင်ပြီး အစိုးရက အင်တာနက်ဖြတ်တောက်ထားတာဟာ ၂၀၂၀ခုနှစ် ၊ ဇွန်လ ၂၁ရက်နေ့မှာ တစ်နှစ်ပြည့် မြောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတစ်နှစ်ပြည့်ဖြစ်တဲ့  ပြီးခဲ့တဲ့ ဇွန်လ ၂၁ရက်က ဆူးလေးတံတားပေါ်မှာ “အင်တာနက်ဖြတ်တောက်မှု အလိုမရှိ” စာသားပါ ပိတ်စတွေချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် မောင်ဆောင်းခအပါအဝင် ငါး ဦးကို ကျောက်တံတား မြို့မရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ တရားစွဲဆိုခံထားရသူ ငါးဦးအနက် မောင်ဆောင်းခတစ်ဦးတည်းကိုသာ ကျောက်တံတားမြို့ နယ်တရားရုံးက ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး ကျန်တဲ့ လေးဦးကိုတော့ ရဲတပ်ဖွဲ့ကရှာဖွေစုံစမ်းနေဆဲဖြစ်တယ် လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly