ဖက်ဒရယ်နဲ့ ဒီမိုကရေစီက အားလုံးပိုင်တယ် တောင်းဖို့နဲ့ပေးဖို့မဟုတ်ဘူး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီက အားလုံးပိုင်တယ် တောင်းဖို့နဲ့ပေးဖို့မဟုတ်ဘူး

မြန်မာနိုင်ငံတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလထဲမှာ ကျင်းပတော့မည်ဖြစ်သည်။ လက်ရှိ အစိုးရကို ဖွဲ့စည်းထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကလည်း လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်း ပြင်ဆင်လျက်ရှိသလို ညွှန့်ပေါင်း အစိုးရဖွဲ့စည်းရန် စဉ်းစားထားမှုမရှိ ကြောင်း ပြောသည်။

တချို့ကလည်း NLD အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ယခင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရစဉ်တုန်းက ကဲ့သို့ မဲအပြတ်အသတ် အနိုင်ရနိုင်ခြေမရှိကြောင်း ပြောဆိုနေကြသလို ညွှန့်ပေါင်းအစိုးရ ဖြစ်ပေါ်နိုင်ကြောင်းလည်း ပြောသံများရှိနေသည်။

ထို့ကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွင် တိုင်းရင်းသား ပါတီများကလည်း ရွေးကောက်ပွဲအနိုင်ရရှိ ရေး စုစည်းမှုများပြုလုပ်ကာ ပြင်ဆင်နေကြသလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းလျက်ရှိ နေကြသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ၁၉၉၀ လွှတ်တော်အမတ်ဟောင်း ကရင်နီတိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် ခွန်းမတ်ရ်ကိုဘန်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ ဆက် သွယ် မေးမြန်းထားသည်ကို တင်ဆက်ပေးလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly