ပြည်ခိုင်ဖြိုးဦးဆောင်သည့် သတင်းစာရှင်းလင်းပွဲ မီဒီယာများကို ဝင်ခွင့်မပြု

ပြည်ခိုင်ဖြိုးဦးဆောင်သည့် သတင်းစာရှင်းလင်းပွဲ မီဒီယာများကို ဝင်ခွင့်မပြု
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇွန် ၂၉
 

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြုလုပ်သည့် သတင်းစားရှင်းလင်းပွဲကို သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ကန့်သတ်မှုများပြုလုပ်ခဲ့သည့်အတွက် သတင်းစာရှင်းလင်း ပွဲကို လူဦးရေအကန့် အသတ်ဖြင့်သာ ပြုလုပ်ခဲ့ကြောင်း ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်က သတင်းထောက်များကို ပြောခဲ့သည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့က ပြုလုပ်ခဲ့သော ရွေးကောက်ခံကိုယ်စားလှယ်များ ကျင့်ဝတ် ဆိုင်ရာလက်မှတ်ရေးထိုးပွဲနှင့် ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီတို့ တွေ့ဆုံပွဲနှင့်ပတ်သက်၍ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက Hose of Orchid ဟိုတယ်တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကို သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

" ကျွန်တော်တို့ခန်းမက လူ ၁၅၀ ဆံ့တာပါ။ ခြောက်ပေခြား ခုံ ၂၀ စီထားပါတယ်။ ကျွန်တော်အကောင့်ကနေ live လွှင့်မှာပါ။ အဲဒီကနေတဆင့်ပဲ သတင်းယူပေးပါ။ သူများလုပ်ရင် အရေးမယူပေမယ့် ကျွန်တော်တို့လုပ်ရင် အရေးယူမှာပါ။" ဟု ဦးဌေးအောင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို နိုင်ငံရေးပါတီ ငါးခုမှ ပါတီဝင် ၂၀ ဖြင့် ပြုလုပ်နေပြီး သတင်းထောက်များအနေဖြင့်လည်း အွန်လိုင်းမှတဆင့် သတင်းရယူကြရန် ဦးဌေးအောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly