နေတစ်စိတ်တစ်ပိုင်း ကြတ်မှု ယနေ့ ဖြစ်ပေါ်မည်

နေတစ်စိတ်တစ်ပိုင်း ကြတ်မှု ယနေ့ ဖြစ်ပေါ်မည်

ဇွန် ၂၁

ထိုင်းနိုင်ငံတွင် ယနေ့ တနင်္ဂနွေနေ့ နေ့လယ်ပိုင်း၌ နေတစ်စိတ်တစ်ဒေသကြတ်မှုကို မြင်တွေ့ကြရမည်ဖြစ်ပြီး အာရှနှင့် အာဖရိက အချို့နေရာများ၌ ကောင်းကင်ကြည့်သူများအနေဖြင့် အံ့ဩဖွယ် နေတွင် လဖုံး၍ ဘေးပတ်လည် စက်ဝိုင်းရောင်ခြည်ဖြစ်ပေါ်မှု ring of fire ဖြစ်စဉ်ကို မြင်တွေ့ကြရမည် ဖြစ်သည်။

ဘန်ကောက်ရှိ ပြည်သူများအနေဖြင့် နေ့လယ် ၁ နာရီ ၁၀ မိနစ်တွင် နေရှေ့ လစတင် ရွေ့လာသည်ကို မြင်တွေ့ရပြီး ၂ နာရီ ၄၈ မိနစ်တွင် အများဆုံး ၄၀ ရာခိုင်နှုန်း ဖုံးလွှမ်းမည်ဖြစ်သည်။ အဆိုပါ နေကြတ်ခြင်းက ၄ နာရီ ၀၉ မိနစ်တွင် ပြီးစီးမည် ဖြစ်သည်။

ယခု နေကြတ်ဖြစ်စဉ်သည် နေနှင့် ကမ္ဘာကြား လရောက်ရှိကာ နေကို အပြည့်အဝ မဖုံးလွှမ်းသော နှစ်စဉ် နေကြတ်မှုဖြစ်စဉ်အဖြစ် သိထားသည်။ ယင်းသို့ နေကြတ်ရာတွင် နေအဝန်းအဝိုင်း၏ ပြင်ပ စက်ဝန်းသည် ဆက်လက်လင်းဖြာနေမည်ဖြစ်၍ ယင်း ဖြစ်စဉ်ကို ring of fire ဟု ခေါ်သည်။

အနောက်အာဖရိကမှ အာရဗျကျွန်းဆွယ်အထိ ကျဉ်းမြောင်းသော အဝန်းအဝိုင်းမှ ကြည့်ရှုသူများ၊ အိန္ဒိယနှင့် တောင်ပိုင်းတရုတ်တို့မှ အဆိုပါ နှစ်များစွာအတွင်း အံ့ဖွယ်အကောင်းဆုံး ring of fire ဖြစ်စဉ်ကို မြင်တွေ့ရမည် ဖြစ်သည်။

ယခုနှစ် ‌မြောက်ကမ္ဘာခြမ်း၏ အရှည်ကြာဆုံး နေတာနှင့်အတူ တနင်္ဂနွေနေ့ နေကြတ်မှုဖြစ်စဉ်က တစ်ချိန်တည်း ဖြစ်ပေါ်ခြင်းလည်း ဖြစ်သည်။

ယခု နေကြတ်မှုကို အရှေ့မြောက်ပိုင်း ကွန်ဂိုတွင် ဒေသစံတော်ချိန် နေထွက်ပြီး မိနစ်အနည်းငယ်မှာပင် ပထမဆုံး မြင်တွေ့ရမည် ဖြစ်ပြီး အမြင့်ဆုံး နေကြတ်ချိန်တွင် ၈၂ စက္ကန့်ကြာ အမှောင်လွှမ်းမည် ဖြစ်သည်။

အမြင့်ဆုံးနေကြတ်မှုကို ဒေသတွင်း နေ့လယ်အချိန် နောက်ပိုင်း အိန္ဒိယနှင့် တရုတ်ကြား နယ်စပ် ဥတာရာခန်းပြည်နယ်တွင် မြင်တွေ့ကြရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly