COVID-19 ကပ်ဘေးကို နှာခေါင်းစည်းတပ်ဆင်ခြင်းက အဓိက အဆုံးအဖြတ် ပေးဖွယ်ရာရှိ

COVID-19 ကပ်ဘေးကို နှာခေါင်းစည်းတပ်ဆင်ခြင်းက အဓိက အဆုံးအဖြတ် ပေးဖွယ်ရာရှိ

ဇွန် ၁၄

ဖြစ်ပွားနေဆဲ COVID-19 ကပ်ဘေးကြားမှာပင် နိုင်ငံများသည် လော့ဒေါင်းများ ပြန်ရုပ်လာလျက်ရှိချိန် အများစုသော နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှုများ မြင့်တက်နေဆဲ ဖြစ်သည်။

တစ်စိတ်တစ်ဒေသဖြစ်စေ၊ ကြီးကြီးမားမား ဖြစ်စေ ကပ်ဘေးကာလအတွင်း ဆိုးဝါးသည့် အမူအကျင့်သည် နှာခေါင်းစည်း မတပ်ဆင်ကြခြင်းနှင့် လူခွာနေခြင်းအား မလိုက်နာခြင်းတို့ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ လျှော့ချနိုင်ခဲ့သည့် နယူးယောက်မှာပင် ပြည်သူများသည် ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းများကို စောင့်ထိန်းလိုက်နာရန် ငြီးငွေ့လာနေကြသည်။

ကူးစက်မှု လျှော့ချနိုင်ရေး ဗျူဟာများ အားလုံးကြားတွင် နှာခေါင်းစည်း ဝတ်ဆင်ခြင်းက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို အဆုံးအဖြတ်ပေးမည့် အဓိကပင် ဖြစ်လိမ့်မည်ဟု သုတေသနပြုချက် အသစ်တစ်ရပ်ကို Proceedings of the National Academy of Sciences ဂျာနယ်တွင် ဖော်ပြခဲ့သည်။

“နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရမယ်ဆိုတာကို ဥပဒေပြဌာန်းတာမရှိတာဟာ ကပ်ဘေးရဲ့ လားရာကို ပိုပြီး အားကောင်းစေနိုင်တာကို ကျွန်တော်တို့ သုတေသနအရ တွေ့ရှိရတယ်။”ဟု Texas A&M University၊ the University of Texas at Austin၊ California Institute of Technology နှင့် the University of California San Diego တို့မှ ပူးတွဲသုတေသနအဖွဲ့က ဂျာနယ်တွင် ရေးသားဖော်ပြသည်။

၎င်းတို့၏ သုတေသနကို အဓိက ဗိုင်းရပ်စ်ကူးစက်သော နေရာသုံးခုဖြစ်သည့် တရုတ်နိုင်ငံ ဝူဟန်မြို့၊ အီတလီနှင့် နယူးယောက်စီးတီးတို့တွင် ဇန်နဝါရီ၂၃ မှ မေ ၉ ရက်အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဗိုင်းရပ်စ် ကူးစက်မှု အတက်အကျကို ယင်းအဖွဲ့က ဆန်းစစ်ခဲ့ပြီး မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းများ ချမှတ်ပြီးနောက် ကူးစက်မှုနှုန်း မည်သို့ ပြောင်းလဲသွားသည်ဆိုသည်ကို သုတေသနပြု ဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် နယူးယောက်စီးတီးတွင် အိမ်မှာပဲ နေရန်နှင့် လူခွာနေခြင်း အမိန့်များ မတင်းကျပ်ခင်က ဗိုင်းရပ်စ် ကူးစက်မှု တက်ရိပ်သည် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရမည် အမိန့်နောက်ပိုင်း ပြောင်းလဲကျဆင်းသွားသည်ကို တွေ့ရှိသည်ဟု ၎င်းတို့က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly