ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂၀၁၉-၂၀ မှာ သူတို့တွေရဲ့ စုစုပေါင်း ဝင်ငွေမှာ ပေါင် တစ်ဘီလီယံအထိ လျော့သွားမှုနဲ့ ရင်ဆိုင်ရမယ်လို့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ Deloitte က ပြောပါတယ်။
၂၀၁၈-၁၉ ရာသီမှာ အင်္ဂလိပ်ထိပ်တန်းကလပ်အသင်း ၂၀ ဟာ ပထမဆုံးအကြိမ်အဖြစ် စုစုပေါင်းဝင်ငွေ ပေါင် ၅ ဘီလီယံကျော် ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီဟာ မတ်လကတည်းက ဆိုင်းငံ့ထားခဲ့ပြီး ကျန်ရှိနေသေးတဲ့ ၉၂ ပွဲမှာ ပရိသတ်မပါဘဲ ကွင်းပိတ်ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။
ပြီးတော့ Deloitte မှ ဒန်ဂျုံးစ်ကမူ ဥရောပဘောလုံးလောကမှာ "ဝင်ငွေ သိသိသာသာ လျော့ကြမှုနဲ့ လုပ်ငန်းလည်ပတ်မှု ဆုံးရှုံးမှုများမယ်"လို့ ခန့်မှန်းထားပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေဟာ ရုပ်သံထုတ်လွှင့်သူတွေဆီ ပြန်အမ်းငွေတွေနဲ့ ပွဲနေ့ရရှိမယ့် ဝင်ငွေတွေမှာ ပေါင်သန်း ၅၀၀ ဆုံးရှုံးမယ်လို့ ပြောပါတယ်။
မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့လက ကပ်ရောဂါကြောင့် ပေါင် ၂၈ သန်း ဆုံးရှုံးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားလို့ သိရပါတယ်။
Ref; BBC