နယူးဇီလန်၌ လာမည့်ရက်သတ္တပတ်မှစ၍ ကန့်သတ်ပိတ်ဆို့မှုများဖြေလျှော့မည်ဟု ဝန်ကြီးချုပ်ပြော 

နယူးဇီလန်၌ လာမည့်ရက်သတ္တပတ်မှစ၍ ကန့်သတ်ပိတ်ဆို့မှုများဖြေလျှော့မည်ဟု ဝန်ကြီးချုပ်ပြော 

ဇွန် ၃

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်က နိုင်ငံအား ပုံမှန်အခြေအနေပြန်ရောက်စေရန်အတွက် လူမှုဆိုင်ရာအကွာအဝေးကန့်သတ်ချက်များနှင့် နိုင်ငံအဝင်အထွက်ပိတ်ပင်ထားမှုကို လာမည့်ရက်သတ္တပတ်၌ ရုပ်သိမ်းသွားနိုင်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

နယူးဇီလန်တွင် ကိုရိုဗိုင်းရပ်စ်ကပ်ရောဂါကို တုံ့ပြန်ရန်အတွင် လူများကို အိမ်၌နေခိုင်းပြီး စီးပွားလုပ်ငန်းအများစုကို ပိတ်ပင်ခဲ့ကာ နှစ်လကျော်ကြာ တင်းကျပ်သော စည်းမျဉ်း level 4  ချမှတ်ခဲ့ပြီးနောက် level 1 သို့ ကူးပြောင်းရန် သင့်/ မသင့်ကို အာဒန်က တနင်္လာနေ့တွင် ဆုံးဖြတ်ချက် ချမည်ဖြစ်သည်။

လူစုလူဝေးပြုလုပ်ခြင်းနှင့် ဘားဆိုင်များပိတ်ပင်ထားမှုကို ဖြေလျှော့ခြင်းကဲ့သို့သော တလောကပြုလုပ်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကြောင့် ရောဂါကူးစက်မှု မြင့်တက်ခဲ့မှုရှိလား ဆိုသည်ကို တနင်္လာနေ့အထိ စောင့်ကြည့်ခြင်းအားဖြင့်သိနိုင်မည်ဟု အာဒန်က ဆိုသည်။

“ရောဂါကူးစက်မှုတွေ မရှိတော့ဘူးဆိုရင် ကျွန်မတို့အနေနဲ့ လှုပ်ရှားဖို့ အသင့်အနေအထားပါပဲ” ဟု အာဒန်က ရုပ်မြင်သံကြားမိန့်ခွန်းတွင်ပြောခဲ့သည်။

Level 1 တွင် ဘားဆိုင်များ၊ ကလပ်များ၊ ဘုရားကျောင်းများနှင့် အားကစားစင်တာများ စသည့်နေရာများ၌ လူဦးရေကန့်သတ်ခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးကန့်သတ်ချက်များ မလိုအပ်တော့ဟု အာဒန်က ပြောခဲ့သည်။

သို့သော် နယူးဇီလန်နိုင်ငံ အဝင်အထွက်ကိုမူ ပြန်ဖွင့်ရန် လက်ငင်းအစီအစဉ်များမရှိသေးဘဲ ကပ်ရောဂါမတိုင်မီက ပုံမှန်အခြေအနေနှင့် မတူညီသော ပြောင်းလဲမှုကြီးတစ်ခုရှိလိမ့်မည်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့အထိဆိုလျှင့် နယူးဇီလန်တွင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်အသစ် မတွေ့သည်မှာ ၁၂ ရက်ဆက်တိုက်ရှိပြီဖြစ်ပြီး ရောဂါပိုးရှိသူ တစ်ဦးသာကျန်တော့သည်။ နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၅၀၄ ဦးရှိခဲ့ပြီး ၂၂ ဦးသေဆုံးခဲ့သည်။ ကိုဗစ်-၁၉ ထိန်းချုပ်ရန်အတွက် ကမ္ဘာအဝှမ်းတွင် အပြင်းထန်ဆုံးလော့ဒေါင်းကို အာဒန်က လျင်မြန်စွာ ချမှတ်ခဲ့သည့်အတွက် အများ၏ ချီးမွမ်းမှုခံခဲ့ရသည်။

Level 1 သတ်မှတ်ချက်အရ ပုံမှန်လက်ဆေးခြင်းနှင့် ငှက်ဖျားကဲ့သို့ ရောဂါလက္ခဏာပြသူ၊ ရောဂါရှိသူနှင့်ထိတွေ့သူ မည်သူ့ကိုမဆို သီးခြားထားခြင်း စသည့် ပြည်သူ့ကျန်းမာရေးစီမံချက်များနှင့် အခြေခံတစ်ကိုယ်ရေ သန့်ရှင်းရေးများကို လုပ်ဆောင်ရမည်ဟု အာဒန်က မှာကြားထားသည်။

အစိုးရအနေဖြင့် ဆန္ဒအလျောက် COVID code ကို တီထွင်နိုင်ရန် အကြီးစားစီစဉ်သူများနှင့် လက်တွဲလုပ်‌ဆောင်သွားမည်ဖြစ်ပြီး အဆိုပါ code သည် လိုအပ်ပါက ရောဂါခြေရာခံရာတွင် အာဏာပိုင်များကို အကူအညီအထောက်အပံ့ဖြစ်စေလိမ့်မည်ဟု အာဒန်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly