ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ဇနီးအပါအဝင် ဝန်ကြီးတစ်ချို့ကို တရားစွဲ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ဇနီးအပါအဝင် ဝန်ကြီးတစ်ချို့ကို တရားစွဲ

လူစုလူဝေးပြုလုပ်တယ်လို့ဆိုကာရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ဇနီးဒေါ်ခင်မိမိကြွယ်အပါအဝင်ဝန်ကြီးအချို့ကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ဗိုလ်တထောင်ရဲစခန်းမှာတိုင်ကြားခဲ့ပေမယ့်တိုင်းဒေသကြိးအဆင့်ဆင့်ကိုတင်ပြပြီးမှအမှုဖွင့်ခွင့်ရမရအကြောင်းပြန်မှာကိုစောင့်ဆိုင်းရမယ်လို့သိရပါတယ်။

မေလ၂၄ရက်ကရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်မြို့နယ်ဗိုလ်တထောင်ဆိပ်ကမ်းမှာရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော်ရေချပူဇော်ပွဲအခမ်းအနားလုပ်ကာ လူစုလူဝေးဖြစ်ခဲ့ တယ်ဆိုပြီး  တရားဥပဒေစိုးမိုးမှုကိုလိုလားသူဟုဆိုသူ ပြည်သူတစ်ဦးဖြစ်သည့် ဦးစည်သူမြင့်က တရားလိုပြုလုပ်ကာ မေလ ၂၉ရက်က တိုင်ကြားခဲ့တာပါ။

ရိုက်ကူး / တည်းဖြတ် - ချမ်းငြိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly