မိခင်နို့ရည်အတွင်း COVID-19 တွေ့ရှိ

မေ ၂၈

မိခင်နို့ရည်အတွင်း COVID-19 အား ဂျာမနီ သုတေသနပညာရှင်များ တွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် ဆေးပညာပါမောက္ခ ဒေါက်တာ သီရာဝိုရာတာနာရတ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အဆိုပါ တွေ့ရှိချက်ကို ယခုလထုတ် The Lancet ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

The Lancet ဂျာနယ်အဆိုအရ သုသေသီများသည် ကလေးမိခင်နှစ်ဦးကို နောက်ကြောင်းပြန် စမ်းသပ်ခဲ့ရာတွင် သုတေသီများက ကလေးမိခင်နှစ်ဦးတွင် DNA နမူနာများကို ပုံတူပွားနိုင်သော Polymerase chain reaction အဆင့်ဆင့်ကို  ပြန်လည်ခြေရာကောက်နည်းလမ်းအသုံးပြုခဲ့သည်ဟု သိရသည်။

နို့ရည်တွင် ဗိုင်းရပ်စ်တွေ့ရှိသည့်အဖြစ်ကို မိခင်တစ်ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကိုးရက်မြောက်နေ့တွင်တွေ့ရှိခြင်းဖြစ်ပြီး အခြားတစ်ခြားတွင် နှစ်ရက်အကြာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
     
မိခင်နို့ရည် တစ်ကုဗစင်တီမီတာအတွင်း ဗိုင်းရပ်စ် ၉၄၈၀၀ မှ ၁၃၂၀၀၀ အထိ နေထိုင်ခိုအောင်းသည်ဟု သုတေသနပညာရှင်များက ခန့်မှန်းထားသည်။

အဆိုပါ မိခင်တစ်ဦး၏ နို့တိုက်ကလေးငယ်တွင်ပါ ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို တွေ့ရှိသည်။

သို့သော် ယင်း ကလေးငယ်သည် COVID-19 အား ၎င်း မိခင်ထံမှ ကူးစက်ခြင်း သို့မဟုတ် အခြား တစ်နေရာမှ ကူးစက်ခြင်းလားဆိုသည်ကို သုတေသနပညာရှင်များက ကောက်ချက်မချနိုင်ပေ။

ယခု သုတေသနအရ မိခင်လောင်းများ သို့မဟုတ် ကလေးမိခင်များကို ပြုစုစောင့်ရှောက်ရမည့် သင့်တော်သော နည်းလမ်းများကို ရရှိစေမည်ဖြစ်သည်ဟု ဒေါက်တာ သီရာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required