အခုတခေါက် ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ ကမ္ဘာပေါ်မှာ ရေခဲတောင်ကြီးတွေ တတိယအများဆုံးရှိတဲ့ အာရှအလယ်ပိုင်းဒေသကို သွားကြရမှာပါ။ တရုတ်နိုင်ငံတောင်ပိုင်းက Baishui (ဘိုင်ရွှေ) ရေခဲတောင်ကြီးဟာ ကမ္ဘာပေါ်ကအကြီးဆုံး ရေခဲတောင်ကြီးတခုဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုရဲ့ သက်ရောက်မှုကြောင့် အရည်ပျော်နှုန်းမြန်နေတဲ့ Baishui ရေခဲတောင်ကြီးဆီကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။