မြန်မာအလုပ်သမားများ နေရပ်ပြန်ရာ၌ လွယ်ကူစေရန် ထိုင်းအစိုးရက ခရီးသွားလာခွင့် နှစ်လပေး

မြန်မာအလုပ်သမားများ နေရပ်ပြန်ရာ၌ လွယ်ကူစေရန် ထိုင်းအစိုးရက ခရီးသွားလာခွင့် နှစ်လပေး

မေ ၂၃

ထိုင်းနိုင်ငံတွင် သောင်တင်လျက် ရှိသော မြန်မာအလုပ်သမား တက်ပြည်နယ်မှနေ၍ မြန်မာနိုင်ငံသို့ နေရပ်ပြန်ရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ဘန်ကောက်မှ တက်ပြည်နယ်သို့ ခရီးသွားလာခွင့်ကို မေလ ၂၂ မှ ဇူလိုင် ၂၀ ရက်အထိ ထိုင်းအစိုးရက ခွင့်ပြုပြီဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းလက်ထောက်အတွင်းဝန်၊ မြန်မာသံရုံးမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအများက Transport Company နှင့် အစည်းအဝေး ကျင်းပပြီးနောက် ယခုကဲ့သို့ အတည်ပြုဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်ဘတ်စ်ကားဂိတ် Chatuchak မှ ဘတ်စ်ကားများသည် တက်ပြည်နယ်ရှိ မဲဆောက်ဘတ်စ်ကားဂိတ်သို့ ည ၁၀ မှ ၁၁ နာရီကြားတွင် ထွက်ခွာမည် ဖြစ်သည်။

ယင်း ဘတ်စ်ကားများသည် တစ်နေ့လျှင် ခရီးသည် ၂၁၀ တင်ဆောင်ပို့ဆောင်ပေးမည်ဖြစ်ပြီး ယင်း ခရီးသည်များသည် မြန်မာနိုင်ငံသို့ ပြန်ရန် သံရုံးတွင် အကြောင်းကြားပြီးသောသူများ ဖြစ်ရမည်ဖြစ်သည်။

မြန်မာသံရုံးမှလည်း နေရပ်ပြန်မည့် သူများအတွက် ခရီးသွားလာခွင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်သည်။ ထို လက်မှတ်များအားဖြင့် တော်တင်ထိုင်းတပ်ဖွဲ့က ထုတ်ပြန်ထားသော ခရီးသွားလာခွင့် ကန့်သတ်ချက်များမှ လွတ်ငြိမ်းခွင့် ရမည်ဖြစ်သည်။

ဘတ်စ်ကားများပေါ် လိုက်မပါမီ မြန်မာခရီးသည်အားလုံးအား စစ်ဆေးသွားမည်ဖြစ်ကြောင်း Transport Company က ပြောသည်။ ထိုပြင် နေရပ်ပြန်မည့်သူများအနေဖြင့် နှာခေါင်းစည်း တပ်ရမည် ဖြစ်သကဲ့သို့ ဘတ်စ်ကားအတွင်း တစ်ဦးနှင့် တစ်ဦး တစ်မီတာ ခွာပြီး နေရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly