အကွာအဝေးကန့်သတ်စည်းမျဉ်းကြောင့် ကဖေးဆိုင်မှလှည့်ပြန်ခဲ့ရသည့် နယူးဇီလန်ဝန်ကြီးချုပ်

အကွာအဝေးကန့်သတ်စည်းမျဉ်းကြောင့် ကဖေးဆိုင်မှလှည့်ပြန်ခဲ့ရသည့် နယူးဇီလန်ဝန်ကြီးချုပ်

မေ ၁၈

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်သည် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းအတိုင်းဖွင့်ထားသော ကဖေးဆိုင်တွင် လူပြည့်နေသည့်အတွက် လှည့်ပြန်ခဲ့ရပြီး ဝန်ကြီးချုပ်တစ်ယောက်ဖြစ်သည့်တိုင် ၎င်းချမှတ်ထားသော ကန့်သတ်ချက်များမှ ကင်းလွတ်ခွင့်မရပေ။

အာဒန်နှင့်အမျိုးသားဖြစ်သူ ကလာ့ခ်ဂေဖော့ဒ် တို့သည် စနေနေ့က ဝယ်လင်တန်ရှိ နာမည်ကြီးကဖေးဆိုင်တွင် ထိုင်ရန် ငြင်းပယ်ခြင်းခံခဲ့ရသည် ဟု Joey အမည်ရှိ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။

ဂေဖော့ဒ်က “အဲဒီစည်းမျည်းတွေအတွက် ကျွန်တော်တို့အပြည့်အဝတာဝန်ယူရပါမယ်။ ဘယ်နေရာကိုမှအစီအစဉ်တကျ ကြိုတင်နေရာယူတာတွေမလုပ်ခဲ့ပါဘူး” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ နေရာလွတ်သွားသည့်အခါ စားသောက်ဆိုင်မှ ဝန်ထမ်းက နောက်မှလိုက်လာခဲ့ပြီး A+ ဝန်ဆောင်မှုပေးခဲ့ကြောင်း ဂေဖော့ဒ်က ပြောခဲ့သည်။

နယူးဇီလန်တွင် လော့ဒေါင်းချမှတ်ထားမှုကို သတိပေးချက် အဆင့် သုံးမှ အဆင့် နှစ်သို့ လျှော့ချကြောင်း ဝန်ကြီးချုပ် အာဒန်က ပြီးခဲ့သည့်ရက်သတ္တပတ်တွင်ကြေညာပြီးနောက် ကဖေးဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် စားသောက်ဆိုင်များကို ကြာသပတေးနေ့က ပြန်လည်ဖွင့်ခွင့်ပေးခဲ့သည်။ ကျန်းမာရေးနှင့်ညီညွတ်သောစီမံချက်များနှင့် အကွာအဝေးကန့်သတ်ချက်များကိုမူ စည်းကမ်းချမှတ်ထားဆဲဖြစ်သည်။

ကပ်ရောဂါအပေါ် အာဒန်၏တုံ့ပြန်ဆောင်ရွက်ချက်ကိုလည်း အများကချီးမွမ်းနေကြသည်။ တနင်္ဂနွေထိစာရင်းအရ နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၄၉ ဦး၊ သံသယရှိသူ ၃၅၀ ဦးနှင့် သေဆုံးသူ ၂၁ ဦးရှိသည်။

နယူးဇီလန်တွင် သီတင်းပတ် ငါးပတ်နီးပါးကြာ လော့ဒေါင်းစည်းမျဉ်းတင်းကျပ်စွာ ချမှတ်ပြီးနောက် ဗိုင်းရပ်စ်ကို ရှင်းပစ်နိုင်ခဲ့ပြီဟု အာဒန်က ပြီးခဲ့သည့်လ နှောင်းပိုင်းက ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly