အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းဟာ အလွန့်အလွန်အားကောင်းတဲ့ မုန်တိုင်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်းဟာဆိုရင် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကနေ နောက် ၂၄ နာရီအတွင်းမှာ အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း အဖြစ်ကို ရောက်လာလိမ့်မယ်လို့ မြန်မာ့မိုးဝေလသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ မေလ ၁၇ရက်နေ့ ည ၁၀ နာရီခွဲက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တင်ဆက် - လာဘ်ရတနာဗိုလ်