ကန်ပိတ်ဆို့မှုနှင့် မလွတ်သဖြင့် Deutsche Bank လျှော်ကြေးပေးရမည်

ကန်ပိတ်ဆို့မှုနှင့် မလွတ်သဖြင့် Deutsche Bank လျှော်ကြေးပေးရမည်
Deutsche Bank - © Frank Rumpenhorst, EPA

နိုဝင်ဘာ ၅ ရက် ။            ။ အမေရိကန်အစိုးရက ပိတ်ဆို့မှုများ ချမှတ်ခဲ့ထားသော မြန်မာအပါအဝင် အီရန်၊ လစ်ဗျား၊ ဆီးရီယားနှင့် ဆူဒန်တို့မှ နိုင်ငံအဆင့်နှင့် လူပုဂ္ဂိုလ်အဆင့် တို့နှင့် လုပ်ငန်းလုပ်ဆောင်သည့် Deutsche Bank အား ဖက်ဒရယ်အစိုးရ ဘဏ္ဍာရေးဌာနက လျော်ကြေးငွေအဖြစ် ကန်ဒေါ်လာ ၂၅၈ သန်း ချမှတ်လိုက်သည်။

Deutsche Bank အနေဖြင့် အမေရိကန် ဖက်ဒရယ်အစိုးရ ဘဏ္ဍာရေးဌာနသို့ ကန်ဒေါ်လာ သန်း ၂၀၀ ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ပြီး ကျန် ၅၈ သန်းအား အမေရိကန် ဖက်ဒရယ်အရံငွေသို့ ပေးသွင်းရမည်ဖြစ်သည်။

Ref; New York (dpa)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly