COVID-19 ကာကွယ်ရေးအတွက် မျက်နှာဖုံး(Mask) တပ်ခြင်း ယဉ်ကျေးမှုတစ်ရပ်အဖြစ် ဖော်ဆောင်ရန် နိုင်ငံတော်ပုဂ္ဂိုလ် မှ အကြံပြုပြောကြား

COVID-19 ကာကွယ်ရေးအတွက် မျက်နှာဖုံး(Mask) တပ်ခြင်း ယဉ်ကျေးမှုတစ်ရပ်အဖြစ် ဖော်ဆောင်ရန် နိုင်ငံတော်ပုဂ္ဂိုလ် မှ အကြံပြုပြောကြား

 မေ ၈

လက်ရှိတွင်မြန်မာနိုင်ငံက COVID-19 ကူးစက်ခံရသူတွေထဲမှာ ရောဂါလက္ခဏာ ပြသမှုမရှိတာကြောင့် မိမိကစတင်ကာကာကွယ်နိုင်ဖို့အတွက် mask တပ်ခြင်းကိုရောဂါကာကွယ်ရေးယဉ်ကျေးမှုတစ်ရပ်အဖြစ်ဖော်ဆောင်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ တိုက်တွန်းပြောဆိုလိုက်သည်။

ဒီလိုmask တပ်ခြင်းဟာရောဂါဖြစ်ပွားသူ ကိုယ်တိုင် နှင့် ပတ်ဝန်းကျင်တွင် သတိပြုမိမှုမရှိ တဲ့အတွက်ပြည်သူများ အနေဖြင့် မိမိကိုယ်တိုင် စတင်ကာကွယ်နိုင်ရန်အတွက်ရည်ရွယ်တာပါ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း၊ ကေလးမြို့၊ ကုတင် ၃၀၀ ဆံ့ ဆေးရုံကြီး ၏ ဆေးရုံအုပ်ဖြစ် ဒေါက်တာ အောင်မျိုးဝင်း နှင့် စေတနာ့ဝန်ထမ်း (Volunteer) အတွက် ဆောင်ရွက်လျက်ရွိတဲ့ အငြိမ်းစား ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်သိန်းတို့ နဲ့တွေ့ဆုံပြီးလက်ရှိစစ်ကိုင်းတိုင်း ဒေသကြီး အတွင်းCOVID– 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပက်သက်၍ ပြုလုပ်ခဲ့တဲ့ ယနေ အွန်လိုင်း  မှဆွေးနွေးမှုတွင် ယခုလို တိုက်တွန်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း COVID– 19 အတည်ပြုလူနာ ၇ ဦး ရှိပြီးအသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုနေသူ ၁၀၁၇၇ ဦး ရွိကာ ပြန်လည်ဝင်ရောက်လာမည့် ပြန်တော်ပြန် ဦးရေ ၂၄၄၀၀ ကျော် ရှိတယ်လို့စာရင်းများ အရသိရကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း ရဲ့ ပြောကြားမှု အရ သိရပါတယ်။

ပြည်သူများ အနေဖြင့် မိမိတို့ နေအိမ်ပြင်ပမှ ထွက်သည့်အခါMask တပ်ခြင်း အလေ့အကျင့် တစ်ခုအဖြစ် မွေးမြူဖို့အတွက် လိုအပ်ပြီးတစ်ခါသုံး Mask များ တပ်ဖို့ အဆင်မပြေတဲ့ ပြည်သူများလည်း ရှိနေတဲ့အတွက် အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်းများ ချုပ်လုပ်ဖို့အတွက်ကိုလည်း အားပေးကြောင်း လည်းနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required