မေလအတွက်လျှပ်စစ် ၇၅ ယူနစ်အခမဲ့ပေးမည်

မေ ၇

အိမ်သုံးအမျိုးအစားသုံးစွဲသည့် ပြည်သူများကို လျှပ်စစ် (၇၅)ယူနစ်အခမဲ့ သုံးစွဲခွင့် ထပ်မံပြုလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မေလ ၆ရက်ညပိုင်းက ထုတ်ပြန်သည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်သည့် မေလ ၁ရက်မှ ၁၅ရက်ကာလအတွင်း ပြည်သူများ၊ အိမ်သုံးမီတာတပ်ဆင်ထားသော ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် အိမ်သုံးလျှပ် စစ်ဓာတ်အားသုံးစွဲမှု(၇၅)ယူနစ်ကို အခမဲ့သုံးစွဲခွင့်ပြုမည်ဖြစ်သည်။

“အိမ်သုံးအမျိုးအစားတစ်မျိုးတည်းကိုသာ၇၅ယူနစ်သုံးစွဲခွင့်ပြုတာပါ။ကျန်တာတွေကတော့ သတ်မှတ်နှုန်းထားအတိုင်းပေးဆောင်ရမှာပါ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်
အိမ်သုံးအမျိုးအစားသုံးစွဲသူပြည်သူများအနေဖြင့်လည်း၇၆ယူနစ်မှစတင်ပြီး အလွှာအလိုက်သတ်မှတ်နှုန်း ထားများကို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုအခမဲ့ သုံးစွဲခွင့်သည် အိမ်သုံးမီတာအမျိုးအစားတစ်ခုတည်းဖြစ်သောကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊သံရုံးများနှင့်ကုလသမဂ္ဂအဖွဲ့အစည်းများ၊အိမ်သုံးမဟုတ်သည့်ဘာသာ ရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများက အခမဲ့သုံးစွဲခွင့်ရမည်မဟုတ်ပေ။

လျပ်စစ်ဝန်ကြီးဌာနအနေဖြင့် ဧပြီလတွင်လည်း ယူနစ် ၁၅၀နှင့်အထက်မီတာယူနစ်များ ကိုကောက်ခံခြင်းမပြုဘဲသက်သာခွင့်များပေးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required