ဗီဇာသက်တမ်းကုန်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ယခုလကုန်အထိ ဆက်နေနိုင်ဟု ထိုင်းအစိုးရ ပြော

ဗီဇာသက်တမ်းကုန်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ယခုလကုန်အထိ ဆက်နေနိုင်ဟု ထိုင်းအစိုးရ ပြော

မေ ၆

နယ်စပ်ဧရိယာများတွင် နေထိုင်ရန် ဗီဇာများနှင့် အလုပ်လုပ်ခွင့်ပါမစ်များ သက်တမ်းကုန်ဆုံးနေပြီဖြစ်သော လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမားများကို ထိုင်းနိုင်ငံတွင် မေလကုန်အထိ ဆက်လက်နေထိုင်အလုပ်လုပ်ခွင့်ပြုရန် အလုပ်သမားဝန်ကြီးဌာန၏ အဆိုပြုချက်ကို အစိုးရအဖွဲ့က အတည်ပြုပေးထားကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ နာရူမွန် ပင်ယိုဆင်ဝက်တ်က မေလ ၅ ရက်တွင် ပြောသည်။

မူလက အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများကို ဧပြီလကုန်အထိသာ နေထိုင်ခွင့်ပြုခဲ့သော်လည်း အရေးပေါ်အခြေအနေနှင့် အခြားသော ကိုဗစ်-၁၉ ကာကွယ်ရေးအစီအမံများကို မေလကုန်အထိ သက်တမ်းတိုးလိုက်သည့်အတွက် အလုပ်သမားများအနေဖြင့် ဆက်လက်နေထိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်များအကြား သွားလာမှုအပေါ် ပိတ်ပင်ကန့်သတ်ခြင်းနှင့် နယ်စပ်ဖြတ်သန်းမှုများကို ပိတ်ဆို့ခြင်းတို့က လူများကို အလွန်တရာ အခက်အခဲ တွေ့စေခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် အဆိုပါ လုပ်သားများကို လက်ရှိအတိုင်း ဆက်နေခွင့်ပြုသင့်ကြောင်း နာရူမွန် ပင်ယိုဆင်ဝက်တ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly