ကိုဗစ်-၁၉ ထိန်းချုပ်ရေး မွန်ပြည်သစ်ပါတီ(NMSP) ဘာလုပ်နေလဲ

05 May 2020
ကိုဗစ်-၁၉ ထိန်းချုပ်ရေး မွန်ပြည်သစ်ပါတီ(NMSP) ဘာလုပ်နေလဲ

မွန်ပြည်သစ်ပါတီ(NMSP)သည် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည်။
မွန်ပြည်သစ်ပါတီ(NMSP)၏ လက်အောက်တွင် မွန်အမျိုးသားတပ်ဖွဲ့(MNA)ရှိပြီး ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးခရိုင် ဘုရားသုံးဆူဒေသ အပါအဝင် မွန်ပြည်နယ်အတွင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းများတွင် စစ်ရေးလှုပ်ရှားလျက်ရှိသည်။
ထို့ကြောင့် မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်ထားသည့် နယ်မြေများအတွင်းတွင် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွား ပျံ့နှံ့နေ သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မည်သို့ ဆောင်ရွက်နေသလဲ၊ အစိုးရနှင့် မည်သို့ ပူးပေါင်းဆောင်ရွက် နေသလဲ၊ မည်သည့် အခက်အခဲများ ရှိနေလဲ၊ မည်သည့် အကူအညီများ ရယူနေသလဲ စသည့် အခြေအနေများနှင့် ပတ်သက်ပြီး NMSP ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးကို မဇ္ဈိမမှ သတင်းထောက် အုပ်မှူးဇော်က ဆက်သွယ် မေးမြန်းထားပါသည်။

တည်းဖြတ်/တင်ဆက် - အုပ်မှူးဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly