တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာသူတွေကို နေရပ်အသီးသီးသို့ မန္တလေးတိုင်း အစိုးရအဖွဲ့အစီအစဥ်နဲ့ ပြန်လည် ပို့ဆောင်ပေး

05 May 2020
တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာသူတွေကို နေရပ်အသီးသီးသို့ မန္တလေးတိုင်း အစိုးရအဖွဲ့အစီအစဥ်နဲ့ ပြန်လည် ပို့ဆောင်ပေး

မေလ ၂ ရက်နေ့က တရုတ်နိုင်ငံကနေ မန္တလေးမြို့ကို ပြန်လည်ရောက်ရှိလာတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးကလူတွေကို ဒီကနေ့မှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဥ်နဲ့ နေရပ် အသီးသီးကို ပြန်လည်ပို့ဆောင်ပေးနေပါတယ်။တရုတ်နိုင်ငံက ပြန်လည် ရောက်ရှိလာသူ ၆၀၀နီးပါးကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ အမှတ် ၁၇ အခြေခံပ ညာ အထက်တန်းကျောင်းမှာ ထားရှိခဲ့တာ ဖြစ်ပြီး ဒီကနေ့မှာ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေး တာတွေ လုပ်ဆောင်ပေပြီး နေရပ်အသီးသီးကို ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required