ထိုင်းရောက်မြန်မာလုပ်သားများအားတစ်ရက်လျှင် ၂၅၀၀ ဦးခန့်ပြန်လည်ဝင်ရောက်ခွင့်ပြုမည်

ထိုင်းရောက်မြန်မာလုပ်သားများအားတစ်ရက်လျှင် ၂၅၀၀ ဦးခန့်ပြန်လည်ဝင်ရောက်ခွင့်ပြုမည်

 ရန်ကုန်၊ ဧပြီ ၂၉

 ထိုင်းနိုင်ငံရောက်  မြန်မာလုပ်သားများကို မေလ ၁ရက်နေ့မှစတင်ကာ တစ်ရက်လျှင် လူဦးရေ ၂၅၀၀ ခန့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်ခွင့်ပြုမည်ဟု မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇအောင်က ဆိုသည်။
 ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနှစ်စင်း အနက် အမှတ် (၂) တံတားကိုသာ ဖွင့်လှစ်၍ အဝင် လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇအောင်က  “ကျွန်တော်တို့ နိုင်ငံသားတွေ ပြန်လာမယ်ဆိုရင် ပြန်လာခွင့်ရှိတယ် ဒီဘက်က ထိုင်းနိုင်ငံသားတွေ ဟိုဘက် ပြန်မယ်ဆိုရင်လည်း ပြန်ခွင့်ရှိတယ် ONE WAY ပဲပေါ့ မိမိနိုင်ငံမိမိ ပြန်လို့ရတယ် ဒါပေမယ့် မြန်မာနိုင်ငံသားက ထိုင်းနိုင်ငံကို သွားတာ ထိုင်းက မြန်မာကိုလာတာတော့ လုပ်လို့မရဘူး”ဟုဆိုသည်။

လက်ရှိကာလတွင် ထိုင်းနိုင်ငံအတွင်း ခရိုင်တစ်ခုနှင့် တစ်ခု သွားလာခွင့်ပိတ်ပင်ထားသောကြောင့်ဘန်ကောက်ကဲ့သို့သောမြို့ကြီးများတွင်နေထိုင်သူများသည် နယ်စပ်ဂိတ်သို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိနေခြင်းကို ဖြေလျော့ပေးနိုင်မည့်နည်းလမ်းကိုလည်း နှစ်နိုင်ငံ ဆွေးနွေးလျှက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများကိုပြန်လည်လက်ခံရာမှာ စီစစ်မှုတွေကြန့်ကြာမှုမရှိအောင်နှင့်လူစုလူဝေးမဖြစ်အောင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ၏ ဝန်ထမ်းများ ၊ ကျန်းမာရေးဝန်ထမ်းများ၊ အပူချိန်တိုင်းကိရိယာ များအပါအဝင်လိုအပ်တာများကို ထပ်တိုးကာစီစဉ်ဆောင်ရွက်ဖို့ နိုင်ငံတေ်ာသမ္မတရုံးမှမှာကြားထားပြီးဖြစ်ကြောင်းလည်းသိရသည်။

ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာမည့်ူသူများအား ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့မှာ နေရာတွေခွဲပြီး QUARANTINE စောင့်ကြည့်စင်တာများတွင် (၂၁)ရက် ထားပြီးမှသာ သက်ဆိုင်ရာဒေသအသီးသီးကို ပြန်လည်ပို့ ဆောင်မည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးမှာပြောခွင့်ရသူ ဦးဇော်ဌေးက မီဒီယာများကိုပြောကြားထားသည်။

မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇအောင်ကလည်း“မကွေးတို့ ပဲခူးတို့ ပြန်တဲ့သူလည်း ရှိမယ် ဒါပေမယ့် ရန်ကုန်လိုဟာမျိုးကျတော့ ကွာလတင်းက RELIEF FLIGHTနဲ့ ဝင်လာမှာတို့လည်း ရှိသေးတော့ ပြည့်သွားပြီဆိုရင် နိုင်ငံတော်က စီစဉ်တဲ့နေရာမှာပဲ ထားရမှာပဲ ကွာလတင်းနေရာက မြဝတီလည်း ဖြစ်ချင် ဖြစ်မယ်၊ ဘားအံလည်း ဖြစ်ချင် ဖြစ်မယ်”ဟုပြောသည်။

မြဝတီခရိုင်တွင်လည်း ကျောက်လုံးကြီးစခန်း၊ သင်္ကန်းညီနောင်နှင့် မြဝတီမြို့အတွင်းရှိ စာသင်ကျောင်းများအပါအဝင် စောင်ကြည့်စင်တာ ၁၀ခုကျော် ပြင်ဆင်ထားကြောင်း မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်က ဆိုသည်။

“မြဝတီမှာတော့ ဆယ်နေရာလောက် လျာထားတယ်၊ လာမယ့်အရေအတွက်ရယ် လက်ခံနိုင်မယ့် အင်အားရယ် ကြည့်ရမယ် ပြီးတော့ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ပြန်ခွဲမယ် ဒါဆို ဒီမှာစုပြုံနေတာလည်း သက်သာသွားမယ် သူတို့ကလည်း ကိုယ့်ဒေသမှာ ကိုယ်ဝင်ရမယ်ဆို  စိတ်ဓာတ်ပိုင်းကော ပိုအဆင်ပြေတာပေါ့”ဟု ၎င်းက ဆိုသည်။

 မတ်လ ၂၃ရက်နေ့က နယ်စပ်ဂိတ်များမှ လူအဝင်အထွက် လက်မခံတော့ဘဲ ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတားများကို ပိတ်ခဲ့သည်။မတ်လ ၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ထွက်သူ ပေါင်း ၃၅၀၀၀ခွဲခန့်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required