ပြင်သစ်နိုင်ငံဟာ တံခါးပိတ်ပွဲစဉ်တွေအပါအဝင် အားကစားပြိုင်ပွဲတွေအားလုံးကို စက်တင်ဘာလအထိ ပိတ်ပင်ထားပြီးနောက် လီဂူး-၁ နဲ့ လီဂူး-၂ ပြိုင်ပွဲတွေဟာ ပြန်လည်စတင်နိုင်မှာ မဟုတ်ဘူးသေးလို့ သိရပါတယ်။
ပြင်သစ်ဝန်ကြီးချုပ် အိဒ်ဝဒ် ဖိလစ်ပီက နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် lockdown ကို မေလ ၁၁ ရက်မှာ လျှော့ချဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့သလို ၂၀၁၉-၂၀ ဘောလုံးရာသီဟာလည်း ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ ပြောပါတယ်။
"၂၀၁၉-၂၀ ပရော်ဖက်ရှင်နယ်အားကစားလိဂ်တွေ၊ အထူးသဖြင့် ဘောလုံးပြိုင်ပွဲကို ပြန်လည်မစတင်နိုင်သေးဘူး။"လို့ ဖိလစ်ပီက ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။
ပြင်သစ်မှာ lockdown ကို တဖြည်းဖြည်းချင်း ရုပ်သိမ်းမယ့် အစီအစဉ်ရဲ့ တစိတ်တပိုင်အဖြစ် ဖိလစ်ပီက ကြေညာခဲ့ပါတယ်။ သူက လူ ၅,၀၀၀ ကျော် စုရုံတဲ့ ပွဲတွေကို အနည်းဆုံး စက်တင်ဘာလအထိ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကတော့ ဇွန် ၁၇ ရက်မှာ ရာသီကို ပြန်လည်စတင်ဖို့နဲ့ ဇူလိုင် ၂၅ မှာ ပြိုင်ပွဲကို ပိတ်သိမ်းဖို့ မျှော်လင်ခဲ့တာပါ။
ပြင်သစ်မှာ ဘောလုံးပွဲတွေကို မတ် ၁၃ ရက်က ခေတ္တဆိုင်းငံထားခဲ့တာဖြစ်ပါတယ်။
လီဂူးဘောလုံးအဖွဲ့ချုပ် (LFP) ဟာ တန်းတက် ဒါမှမဟုတ် တန်းဆင်းနဲ့ ချန်ပီယံအသင်းမရှိ ဒါမှမဟုတ် လက်ရှိရပ်တည်နေတဲ့ အမှတ်ပေးဇယားအပေါ်မူတည်ပြီး ရာသီကို ဖျက်သိမ်းမလား မသိမ်းဘူးလားဆိုတာ ရွေးချယ်မှာကို အခုထိ မသိရသေးပါဘူး။
Ref; AFP, BBC