နှစ်ရက်ဆက် ကိုဗစ်-၁၉ ကူးစက်လူနာ မရှိ

ဧပြီ ၂၇

မြန်မာနိုင်ငံတွင် ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့်လူနာ နှစ်ရက် ဆက်တိုက် မရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ စမ်းသပ်ချက်များအရ ဧပြီ ၂၆ နှင့် ၂၇ ရက်တို့တွင် ကူးစက်လူနာ တစ်ယောက်မှ ထပ်မတိုးကြောင်း ထုတ်ပြန်ထားသည်။
ဧပြီ ၂၆ ရက်တွင် ဓာတ်ခွဲနမူနာ ၃၄၇ ခုကို စစ်ဆေးခဲ့ပြီး ၎င်းဓာတ်ခွဲနမူနာ အားလုံး၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ လူနာ မတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဧပြီ ၂၇ ရက်တွင် ဓာတ်ခွဲနမူနာ ၃၄၅ ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ လူနာ မတွေ့ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ဧပြီလမှ စတင်ကာ ကူးစက်နှုန်းမြန်ပြီးနောက် ဤကဲ့သို့ နှစ်ရက်ဆက်တိုက် ကူးစက်လူနာ ထပ်မတိုးခြင်းမှာ ပထမဆုံးအချိန် ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၁၄၆ ဦးရှိပြီး သေဆုံးသူ ငါးဦးနှင့် ပြန်လည် ကောင်းမွန် လာသူ ၁၆ ဦး ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required