ရှမ်းပြည်နယ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ မေ ၁၅ ရက်အထိပိတ်ထားရန် အစိုးရညွှန်ကြား

ရှမ်းပြည်နယ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ မေ ၁၅ ရက်အထိပိတ်ထားရန် အစိုးရညွှန်ကြား

ရန်ကုန်၊ ဧပြီ ၂၇

ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများကို မေလ ၁၅ ရက်နေ့အထိ ပိတ်ထားရန် ရှမ်းပြည်နယ်အစိုးရက ဧပြီ ၂၄ ရက်စွဲဖြင့် ညွှန်ကြားချက်တစ်ခုထုတ်ပြန်လိုက်သည်။

ယခင်က ဧပြီလ ၇ ရက်မှ ဧပြီ ၂၁ ရက်နေ့အထိသာပိတ်ထားရန် ရက်တိုးပိတ်ရန် ညွှန်ကြားခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအပြီး ကိုဗစ်-၁၉ ထပ်မံဖြစ်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်တုံ့ပြန်ကုသ နိုင်ရေးအတွက် ဟိုတယ်နှင့် တည်းခိုခန်းများဆိုင်ရာ ညွှန်ကြားချက်သစ် ထွက်လာခြင်းဖြစ်သည်။
 
ရှမ်းပြည်နယ်အလားတူ ရန်ကုန်နှင့် အခြားပြည်နယ်နှင့်တိုင်းများတွင်ပါ မည်ကဲ့သို့ဆောင်ရွက်နေကြောင်း သိရှိနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနသို့မေးမြန်းရာ ဝန်ကြီးဌာနမှ တစ်စုံတစ်ရာ ညွှန်ကြားထား ခြင်းမရှိသေးကြောင်း ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ရင်ကဆိုသည်။

၂၀၁၈ စက်တင်ဘာလတွင်ပြဌာန်းခဲ့သည့် ခရီးသွားလုပ်ငန်းဉပဒေအရ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ဗဟိုချုပ်ကိုင်မှုစနစ်ကို ပယ်ဖျက်လိုက်တာကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့က စီမံခွင့်ရှိသည်။

ထိုသို့ပိတ်ထားမည့်ကာလအတွင်း ကွာရန်တင်းစနစ်အရ ပြန်လည်မထွက်ခွာနိုင်သည့် ပြည်တွင်း/ ပြည်ပ ဧည့်သည်များကို သက်ဆိုင်ရာ ဟိုတယ်နှင့် ရိပ်သာများတွင် ဆက်လက်တည်းခိုခွင့်ပြုမည်လည်းဖြစ်သည်။

အဆိုပါ တည်းခိုဆဲ ဧည့်သည်စာရင်းကိုလည်း သက်ဆိုင်ရာ ခရိုင်/ မြို့နယ်အလိုက် COVID-19 ကာကွယ်၊ ကုသရေးလုပ်ငန်းကော်မတီများသို့ ဆက်သွယ်အကြောင်းကြားထားပြီး ညွှန်ကြားချက်များကို တိကျစွာလိုက်နာရ ၎င်းည်ဟုလည်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required