နယူးကာဆယ်
ပိုင်ရှင်အသစ်တွေလက်ထဲ ရောက်သွားပြီဖြစ်တဲ့ နယူးကာဆယ်ကတော့ နာပိုလီနောက်ခံလူ ကူလီဘာလေကို ခေါ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ အီတလီသတင်းစာတွေက ဖော်ပြပါတယ်။ အပြောင်းအရွှေ့စျေးကွက်တွေမှာ အမြဲတမ်းသတင်းထွက်နေပေမယ့် စျေးကြီးလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောင်းမထွက်ခဲ့ရတဲ့ ကူလီဘာလေဟာ ပေါင်(၇၅)သန်းနီးပါး ပေါက်စျေးရှိနေပါတယ်။
Newcastle have opened talks with Kalidou Koulibaly and want to sign Edinson Cavani and Nabil Fekir this summer #NUFC https://t.co/6Ksp2v1KwF pic.twitter.com/oHC7BGzBG2
— Express Sport (@DExpress_Sport) April 26, 2020
အေစီမီလန်
အေစီမီလန်အသင်းဟာ အသင်းဂိုးသမား ဒွန်နာရမ်းမားကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်းနဲ့ ရောင်းချမယ့်အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ကြောင်း Tuttosport က ဖော်ပြပါတယ်။ လာမယ့်ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မှာဖြစ်တဲ့ အသက် (၂၁)နှစ်အရွယ် ဂိုးသမားကို အေစီမီလန်က ရောင်းချဖို့ ပြင်ဆင်နေခဲ့ပြီး လက်ရှိအချိန်မှာတော့ စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားလာခဲ့တာပါ။
Chelsea are still keen to sign AC Milan goalkeeper Gianluigi Donnarumma and could include Kepa Arrizabalaga in a swap deal. (Daily Star) pic.twitter.com/2MV6NioS93
— Transfer News Central (@TransferNewsCen) April 22, 2020
အာဆင်နယ်
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာမယ့် ကွင်းလယ်လူ ဝီလီယံကို ရဖို့ အားအသာဆုံးအသင်းဖြစ်နေတယ်လို့ ESPN က ဖော်ပြပါတယ်။ ဘာစီလိုနာ၊ လီဗာပူးလ်တို့နဲ့အပြိုင် ဝီလီယံကို ခေါ်ယူရဖို့ ကြိုးစားနေပေမယ့် ညှိနှိုင်းမှုတွေမှာတော့ အာဆင်နယ်အသင်းက ပိုပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြတာပါ။
ESPN commentator @jorgenicola has revealed that Willian's representatives see Arsenal standing a better chance of landing the winger this summer than any other club. pic.twitter.com/jz891EKTEw
— WorldwideArsenal (@WorldwideAFC) April 26, 2020
ပဲလေ့စ်
ပဲလေ့စ်အသင်း မန်နေဂျာကြီး ရွိုင်းဟော့ဒ်ဆန်ကတော့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်မယ်ဆိုရင်တောင် ဒီရာသီမှာ ကွင်းထဲကိုလာပြီး စီမံခန့်ခွဲခွင့် ဆုံးရှုံးရဖို့ရှိနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လွယ်တဲ့ အသက် (၇၀)ကျော်အရွယ်တွေ အိမ်အပြင်မထွက်ရဘူးဆိုတဲ့ ကန့်သတ်ချက်ကြောင့် အသက် (၇၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဟော့ဒ်ဆန်ဟာ ကွင်းအတွင်းကို ရောက်လာဖို့ ခက်ခဲတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်နေရတာပါ။
Roy Hodgson, 72, could MISS rest of Crystal Palace’s season due to government coronavirus restric #base #royhodgson https://t.co/EbJ8jK2dfS
— Sporting Excitement (@SportingExcite) April 27, 2020
PSG
ရီးယဲလ်အသင်းရဲ့ ဘယ်နောက်ခံလူ ရီဂွီလွန်ကို PSG အသင်းက ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ Marca က ဖော်ပြပါတယ်။ PSG ဟာ အသင်းကနေ ထွက်ခွာတော့မယ့် ဘယ်နောက်ခံလူ ကာဇာဝါရဲ့နေရာမှာ အစားထိုးဖို့အတွက် နောက်ခံလူတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး ရီဂွီလွန်ကို စောင့်ကြည့်နေခဲ့တာပါ။ အသက် (၂၃)နှစ်အရွယ် ကစားသမားလေးဟာ လက်ရှိအချိန်အထိတော့ နည်းပြ ဇီဒန်းရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်မလာသေးပဲ ပြီးခဲ့တဲ့ ရာသီတုန်းက ဆီးဗီးလားအသင်းဆီ အငှားချထားခြင်း ခံခဲ့ရပါတယ်။
There's interest from PSG in Real Madrid's loanee Sergio Reguilon. [@RMCsport] pic.twitter.com/UyKl5F55XB
— Infinite Madrid (@InfiniteMadrid) April 26, 2020