နည်းစနစ်ဒါရိုက်တာ စတီဖင်ဟန်ဆန်နှင့် ဇေယျာရွှေမြေ လမ်းခွဲ

နည်းစနစ်ဒါရိုက်တာ စတီဖင်ဟန်ဆန်နှင့် ဇေယျာရွှေမြေ လမ်းခွဲ
ဇေယျာရွှေမြေနှင့်လမ်းခွဲခဲ့သော နည်းစနစ်ဒါရိုက်တာ စတီဖင်ဟန်ဆန်။

နိုဝင်ဘာ ၄၊ ရန်ကုန်။          ။ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ်ကလပ် ဇေယျာရွှေမြေအသင်းသည် ဆွီဒင်လူမျိုးနည်းစနစ်ဒါရိုက်တာ စတီဖင်ဟန်ဆန်နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပြီး သက်တမ်း မတိုးပဲလမ်းခွဲလိုက်ပြီဖြစ်သည်။

စတီဖင်ဟန်ဆန်မှာ ၂၀၁၀ဘောလုံးရာသီတွင် ဇေယျာရွှေမြေအသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူပြီးနောက် ၂၀၁၅ဘောလုံးရာသီတွင် နည်းစနစ်ဒါရိုက်တာအဖြစ် တကျော့ပြန်တာဝန်ယူခဲ့ခြင်းဖြစ်သည်။

“စတီဖင်ဟန်ဆန်ကို ကျွန်တော်တို့စာချုပ်သက်တမ်းမတိုးတော့ပါဘူး။ သူ့နေရာမှာ အစားထိုးဖို့ နိုင်ငံခြားသား နည်းပြတစ်ဦးရှာဖို့လုပ်နေပါတယ်။ နိုင်ငံခြားသားကစားသမားတွေကို စာချုပ်သက်တမ်းတိုးဖို့လည်း ညှိုနှိုင်းနေပါတယ်။”ဟု ဇေယျာရွှေမြေအသင်း မီဒီယာတာဝန်ခံ ကိုကျော်ကျော်မိုးကပြောသည်။

စတီဖင်ဟန်ဆန်မှာ မြန်မာယူ-၂၃အသင်းကိုလည်း နည်းပြချုပ်အဖြစ်တာဝန်ယူခဲ့ဖူးပြီး ၂၀၁၁ဆီးဂိမ်းတွင် ကြေးတံဆိပ်ရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly