၂၀၁၅ AFC Cup သွင်းဂိုးအများဆုံး ဆုကို ဧရာဝတီတိုက်စစ်မှူး ရစ္စတီ ရရှိ

၂၀၁၅ AFC Cup သွင်းဂိုးအများဆုံး ဆုကို ဧရာဝတီတိုက်စစ်မှူး ရစ္စတီ ရရှိ
၂၀၁၅ AFC Cup သွင်းဂိုးအများဆုံးဆု ရခဲ့သည့် မက်ဆီဒိုးနီးယား တိုက်စစ်မှူး ရစ္စတီ။(ဓာတ်ပုံ - ဧရာဝတီယူနိုက်တက်)

နိုဝင်ဘာ ၄၊ ရန်ကုန်။             ။ ၂၀၁၅ AFC Cup ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ဧရာဝတီယူနိုက်တက် အသင်းမှ တိုက်စစ်မှူး ရစ္စတီမှာ သွင်းဂိုးအများဆုံး   ရွှေဖိနပ်ဆုကို ဟောင်ကောင်ကလပ် တောင်တရုတ်တိုက်စစ်မှူး ဒင်နီရယ်မက်ခ်ဘရင်းနှင့်ပူးတွဲရရှိခဲ့သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၅ AFC Cup အုပ်စုအဆင့်တွင် ရှုံးပွဲမရှိပဲ ၁၆သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ရှုံးထွက်ပွဲစဉ်တွင် မလေးရှားကလပ် ဂျိုဟိုးအသင်းကို ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မက်ဆီဒိုးနီးယားတိုက်စစ်မှူး ရစ္စတီမှာ စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းနှင့်အတူ ချန်ပီယံလိဂ်ကစားခဲ့ဖူးပြီး မြန်မာနေရှင်နယ်လိဂ်ကလပ် ဇွဲကပင်အသင်းတွင်လည်း ကစားခဲ့ဖူးသည်။

ဧရာဝတီအသင်းမှာ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ရာသီတွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးချန်ပီယံဆုရရှိထားပြီး လာမည့်နှစ် AFC Cup ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly