၂၅ ရက်နေ့ ဧပြီလ ၂၀၂၀
ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့နယ်အတွင်းရှိ Lam Khong Ngu သစ်တောထဲတွင် အမဲလိုက် သည့် မြန်မာ နိုင်ငံသား လေးဦး အနက် တစ်ဦးကို ထိုင်းသစ်တောအရာရှိများက ယနေ့ဖမ်း ဆီးလိုက်သည်။
၎င်းက တောထဲတွင် ငါးကင်နေချိန် ကင်းလှည့်လာသည့် သစ်တောအရာရှိများ တွေ့ဆုံ ကာ အဖမ်းခံရခြင်း ဖြစ်ကြောင်း ထိုင်းဘာသာဖြင့် ရေးထားသော banmuang သတင်း ဌာနတွင် ဖော်ပြထားသည်။
ကျန်မြန်မာနိုင်ငံသား သုံးဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ဆက်လက်ရှာဖွေနေကြောင်း ထိုင်းသစ်တောအရာရှိများကပြောသည်။ ဖမ်းဆီးခံရသူနှင့် လွတ်မြောက်နေသူများသည် Thong Pha Phum မြို့နယ် ချလဲ့ ကျေး ရွာတွင် နေထိုင်သော မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
သက်သေခံပစ္စည်းများ အဖြစ် ရှားပါး တောကောင်များ အပါအဝင် ငါးနှင့် ဖားတို့ကို သိမ်း ဆည်းရမိထား ပြီး ထိုင်းနိုင်ငံကနေ သတ်မှတ်ထားသည့် သစ်တော ဥပဒေများဖြင့် အရေးယူခံရမှာဖြစ်သည်။