အင်္ဂလန်၌ အမြွာညီအစ်မနှစ်ဦး ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီးရှေ့ဆင့်နောက်ဆင့် ကွယ်လွန်

အင်္ဂလန်၌ အမြွာညီအစ်မနှစ်ဦး ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီးရှေ့ဆင့်နောက်ဆင့် ကွယ်လွန်

ဧပြီ ၂၅

အင်္ဂလန်က အမြွာညီအစ်မနှစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသည်ကို စမ်းသပ်တွေ့ရှိပြီးနောက် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကြောင်း ၎င်းတို့၏ ညီအစ်မများက ပြောသည်။

ကလေးသူနာပြုတစ်ဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ကေတီက ဆောက်သမ်တန်စံပြဆေးရုံတွင် အင်္ဂါနေ့က ကွယ်လွန်ခြင်းဖြစ်ကြောင်း ယင်း ဆေးရုံက အတည်ပြုသည်။

အမြွာညီအစ်မဖြစ်သည့် သူနာပြုဟောင်းတစ်ဦးဖြစ်သူ အမ်မာကလည်း ယင်းဆေးရုံမှာပင် သောကြာနေ့က ကွယ်လွန်ခဲ့သည်ဟု ၎င်းတို့၏ ညီအစ်မဖြစ်သူ ဇိုးက ပြောသည်။

“သူတို့နှစ်ယောက် ပြောလေ့ရှိတာကတော့ သူတို့ဟာ ကမ္ဘာလောကဆီ အတူတူ ရောက်လာတာဖြစ်ပြီး ပြန်ထွက်သွားရင်လည်း အတူတူပဲ ပြန်ထွက်ကြမယ်လို့ ပြောလေ့ရှိတယ်။”ဟု ဇိုးက ဆိုသည်။

အတူတူ နေထိုင်ခဲ့ကြသည့် အံ့ဩဖွယ်ရာ ၎င်း အမြွာနှစ်ဦးသည် အခြားသော ကျန်းမာရေး ပြဿနာများလည်း ရှိနေပြီး အချို့အချိန်များတွင် နေထိုင်မကောင်း ဖြစ်တတ်ကြောင်း ဇိုးက ပြောသည်။

“သူတို့အတွက် ပြောစရာ စကားတောင် မရှိတော့ပါဘူး။”ဟု ၎င်းက ဆိုသည်။

ဆောက်သမ်တန် ကလေးဆေးရုံတွင် အလုပ်လုပ်သည့် ကေတီတွင် ရောဂါအငုံ ရှိနေပြီး တစ်ခါတစ်ရံတွင် မကျန်းမမာ ဖြစ်တတ်သည်ဟု ယင်းဆေးရုံက ဆိုသည်။

သူသည် ဆေးရုံသို့ ရောက်လာပြီးနောက် COVID-19 ကူးစက်ဖြစ်ပွားသည်ကို စမ်းသပ်တွေ့ရှိကာ အင်္ဂါနေ့ ည၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု ဖြည့်စွက်ပြောသည်။

“လုပ်ဖော်ကိုင်ဖက်တွေက ကေတီဟာ စံနမူနာ ယူထိုက်တဲ့ သူနာပြုတစ်ဦးဖြစ်ပြီး သူဟာ အလုပ်ကို တာဝန်ကျေရုံထက်ပိုပြီး စေတနာပါပါနဲ့ လုပ်ကိုင်တတ်သူဖြစ်တယ်လို့ ပြောဆိုကြပါတယ်။”ဟု ဆေးရုံအုပ် ပေါလာဟက်က ပြောသည်။

“ဒီ ဆေးရုံမှာ ရှိတဲ့ လူတိုင်းရဲ့ ကိုယ်စား ကျွန်တော်အနေနဲ့ သူ မိသားစုဆီ ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly