ထိုင်းနိုင်ငံ၏ COVID-19 ကူးစက်နိုင်ခြေ မြင့်မားသည့် အာဆီယံ ငါးနိုင်ငံစာရင်းတွင် မြန်မာ ပါဝင်

ထိုင်းနိုင်ငံ၏ COVID-19 ကူးစက်နိုင်ခြေ မြင့်မားသည့် အာဆီယံ ငါးနိုင်ငံစာရင်းတွင် မြန်မာ ပါဝင်

ဧပြီ ၂၃

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုဘေး မြင့်မားသည်ဟု သုံးသပ်ရသော နိုင်ငံနှင့် နယ်မြေများ စာရင်းတွင် မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့ကို ထည့်သွင်းပြီး Roual Gazeette ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

အဆိုပါ နိုင်ငံများတွင် COVID-19 အခြေအနေက အရှိန်မြှင့်လျက် ရှိသည်ဟု ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည့်သူ့ကျန်းမာရေးဝန်ကြီးဖြစ်သူ အနုတင်ချန်ဝီရာကု လက်မှတ်ရေးထိုးသည့် ဧပြီ ၂၂ ရက်က ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။

ကူးစက်ရောဂါဆိုင်ရာအက်ဥပဒေ ပုဒ်မ ၅ နှင့် ၈ အရ ထိုင်အာဏာပိုင်များကြား ရောဂါတားဆီးရေးနှင့် ထိန်းချုပ်ရေးကို တိုးရေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အဆိုပါ နိုင်ငံများကို ကူးစက်မှု ဘေးမြင့်မားသည့် နိုင်ငံများအဖြစ် စာရင်းဖော်ပြခြင်းလည်း ဖြစ်သည်။

မတ် ၆ ရက်က ထိုင်းနိုင်ငံသည် တရုတ်(ဟောင်ကောင်နှင့် မကာအိုအပါအဝင်)၊ တောင်ကိုရီးယား၊ အီတလီနှင့် အီရန်စသည့် လေးနိုင်ငံကို COVID-19 ကူးစက်မှု မြင့်မားသည် နိုင်ငံများအဖြစ် အမည်စာရင်း ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required