လက်ထပ်ခွင့်တောင်းတာကို ၂ ကြိမ်အထိ ငြင်းပယ်ခံခဲ့ရဖူးတဲ့ ဒါနီအဲဗက်စ်

လက်ထပ်ခွင့်တောင်းတာကို ၂ ကြိမ်အထိ ငြင်းပယ်ခံခဲ့ရဖူးတဲ့ ဒါနီအဲဗက်စ်

ဘရာဇီးကလပ် ဆာအိုပေါ်လိုအသင်းမှာ ပြန်လည်ကစားနေပြီဖြစ်တဲ့ နာမည်ကျော် ညာနောက်ခံလူ ဒါနီအဲဗက်စ်ရဲ့ အချစ်ပုံပြင်ကလည်း စိတ်ဝင်စားစရာပါ။ လက်ရှိမှာ အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ အဲဗက်စ်ဟာ စပိန်စူပါမော်ဒယ် ဂျိုအာနာ ဆန့်ဇ်ကို ရအောင်ယူခဲ့သူဖြစ်ပြီး သူတို့က ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

 

A post shared by Joana Sanz (@joanasanz) on

အဲဗက်စ်နဲ့ သူ့ရဲ့ဇနီးဟာ အသက် ၁၀ နှစ်လောက် ကွာပါတယ်။ သူတို့နှစ်ယောက်က ၂၀၁၅ ခုနှစ်မှာ စတင်တွဲခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်တုန်းက အဲဗက်စ်ဟာ ဘာစီလိုနာအသင်းအတွက် ကစားပေးနေချိန်ပါ။ သူက စပိန်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဂျိုအာနာနဲ့ သိကျွမ်းခဲ့ပြီးတဲ့နောက် သူ့အတွက် မှန်ကန်တဲ့ ချစ်သူ ရပြီလို့ စဉ်းစားခဲ့မိတယ်။ အဲဒီနောက် လ အနည်းငယ်အကြာမှာပဲ ဂျိုအာနာကို သူ ပထမဆုံးအကြိမ် လက်ထပ်ခွင့်တောင်းပါတော့တယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက အသက် ၂၁ နှစ်အရွယ် မော်ဒယ်မလေးဟာ အဲဗက်စ်ရဲ့ လက်ထပ်ခွင့်တောင်းဆိုမှုကို ငြင်းပယ်သွားခဲ့ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

 

A post shared by Joana Sanz (@joanasanz) on

အဲဒီနောက်တစ်နှစ်မှာတော့ အဲဗက်စ်တစ်ယောက် အီတလီမြေက ဂျုဗင်တပ်စ်အသင်းဆီ ရောက်သွားခဲ့ပြီး သူတို့နှစ်ယောက်ကြားမှာ အနေဝေးမလို ဖြစ်သွားခဲ့တာပါ။

 
 
 
 
 
 
 
 
 
 

 

 
 
 

 

A post shared by Joana Sanz (@joanasanz) on

ဒါပေမယ့် ၂၀၁၇ ခုနှစ်မှာ အဲဗက်စ်တစ်ယောက် PSG အသင်းဆီ ပြောင်းရွှေ့သွားတဲ့အချိန်မှာတော့ အတူနေဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဂျိုအာနာ တစ်ယောက် ပြင်သစ်မြေမှာ အခြေချဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

 
 
 
 
 
 
 
 
 
 
 
 
 

 

A post shared by Dani Alves (@danialves) on

မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ သူတို့က မင်္ဂလာပွဲကို ပြင်သစ်မြေမှာ တိတ်တဆိတ်ပဲ ကျင်းပခဲ့ပြီး မိတ်ဆွေအနည်းငယ်ကိုသာ ဖိတ်ကြားခဲ့တယ်လို့ သိရတာပါ။ 

 
 
 
 
 
 
 
 
 
 
 
 
 

 

A post shared by Dani Alves (@danialves) on

အင်စတာဂရမ်မှာ ပရိသတ် ၇ သိန်းကျော်လောက်ရှိနေပြီဖြစ်ပြီး အောင်မြင်တဲ့မော်ဒယ် တစ်ယောက်အဖြစ် ခြေလှမ်းစပြုနေပြီဖြစ်တဲ့ ဂျိုအာနာဟာ သူတို့ရဲ့ မင်္ဂလာပွဲကို ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြခဲ့ပါဘူး။  ဒါပေမယ့် အဲဗက်စ်ကတော့ သူ့ရဲ့ ပရိသတ် သန်း ၃၀ ရှိတဲ့ အင်စတာဂရမ်မှာ ဓာတ်ပုံတွေ တင်လိုက်တာကြောင့် သူတို့နှစ်ယောက် လက်ထပ်လိုက်ကြပြီ ဆိုတဲ့အကြောင်း လူတွေ သိသွားခဲ့ကြတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

 

A post shared by Dani Alves (@danialves) on

စပိန်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Vanguardia ရဲ့ ဖော်ပြချက်အရတော့ အဲဗက်စ်ဟာ အောင်မြင်နေတဲ့ နာမည်ကြီးဘောလုံးသမားဖြစ်ပြီး လစာငွေတွေ သန်းချီရနေပေမယ့် ဂျိုအာနာက ဘာလို့ ငြင်းခဲ့သလဲဆိုတာ စိတ်ဝင်စားစရာပဲလို့ ဆိုပါတယ်။ သူက အဲဗက်စ်ရဲ့ လက်ထပ်ခွင့်ကမ်းလှမ်းမှု ၂ ကြိမ်ကို ငြင်းပယ်ခဲ့ပေမယ့် ၃ ကြိမ်မြောက်မှာတော့ လက်ခံခဲ့ပြီး အဲဗက်စ်ကို ပျော်ခွင့်ပေးလိုက်တာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

 

A post shared by Dani Alves (@danialves) on

လက်ရှိမှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက် က ၃ နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး သူတို့မှာ ကလေးနှစ်ယောက်လည်း ရှိနေပါပြီ။ ပရိသတ်တွေကတော့ ဇွဲကောင်းကောင်းနဲ့ လက်မလျော့ပဲ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အဲဗက်စ်ကို အားကျနေကြပြီး မော်ဒယ်လေးကို ရဖို့ ဒီလောက်တောင် ကြိုးစားခဲ့တယ်ဆိုတာ အသိအမှတ်ပြုပေးခဲ့ကြပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

 

A post shared by Dani Alves (@danialves) on

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly