ကိုရိုနာဗိုင်းရပ်စ်ရန်ပုံငွေတွေအတွက် နူးကမ့်ကွင်းကို စပွန်ဆာနာမည်ပေးမယ့် ဘာစီလိုနာ

ကိုရိုနာဗိုင်းရပ်စ်ရန်ပုံငွေတွေအတွက် နူးကမ့်ကွင်းကို စပွန်ဆာနာမည်ပေးမယ့် ဘာစီလိုနာ
Photos: EPA

ဘာစီလိုနာအသင်းဟာ ပထမဆုံးအကြိမ်အဖြစ် နူးကမ့်ကွင်းကို စပွန်ဆာနာမည် အသုံးပြုခွင့်ပေးမှာဖြစ်ပြီး ရရှိလာတဲ့ ဝင်ငွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် လှူဒါန်းသွားဖို့ ရှိပါတယ်။

ကက်တလန်ဘာသာစကားနဲ့ နူးကမ့် (Camp Nou)လို့ ပေးထားတဲ့ ဘာကာရဲ့ ဘောလုံးကွင်းဟာ ၁၉၅၇ ခုနှစ်က ဖွင့်လှစ်တဲ့နောက်ပိုင်း တခြားနာမည်ပေးထားခြင်း မရှိခဲ့ပါဘူး။

ဒီဘောလုံးကွင်းဟာ စပွန်ဆာနာမည်အသစ်လည်း အပါအဝင် ကွင်းရဲ့နာမည် 'နူးကမ့်'အဖြစ် ဆက်ရှိနေပါလိမ့်မယ်။

လာလီဂါချန်ပီယံအသင်းဟာ ၂၀၂၀-၂၁ ရာသီအတွက် စပွန်ဆာရှာပေးမယ့် ဘာကာဖောင်ဒေးရှင်းကို ကွင်းနာမည်အသုံးပြုခွင့် ပေးအပ်ခဲ့ပါတယ်။

"ဝင်ငွေကို သုတေသန်နစီမံကိန်းတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အသုံးပြုမှာဖြစ်ပါတယ်။"လို့ ကလပ်အသင်းက ပြောပါတယ်။

"ဘာစီလိုနာအသင်းနဲ့ ဘာကာဖောင်ဒေးရှင်းတို့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကာလမှာ အဖွဲ့အစည်းဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ၎င်းရဲ့ အကျိုးဆက်တွေကို တိုက်ဖျက်ဖို့အတွက် အရင်းအမြစ်တွေအားလုံးကို အသုံးပြုသင့်တဲ့ လိုအပ်မှုတစ်ခုလို့ ယူဆကြပါတယ်။"

စပိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်သွယ်တဲ့ သေဆုံးမှုပေါင်း ၂၀,၀၀၀ ကျော်ရှိတဲ့ ကမ္ဘာပေါ်က လေးနိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ၂၀၁၀ အထိ အကျင်္ီစပွန်ဆာ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူတို့ဟာ ကာတာဖောင်ဒေးရှင်းနဲ့ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တဲ့ အချိန် ၂၀၀၆ ခုနှစ်ကနေစလို့ ယူနီဆက်ဖ်အမှတ်တံဆိပ်ဟာ သူတို့ရဲ့အင်္ကျီပေါ်မှာ ရောက်ရှိလာခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly