COVID-19 ရောဂါစမ်းသပ်ပစ္စည်းသစ် ဘယ်လ်ဂျီယံကုမ္ပဏီမှမိတ်ဆက်

COVID-19 ရောဂါစမ်းသပ်ပစ္စည်းသစ် ဘယ်လ်ဂျီယံကုမ္ပဏီမှမိတ်ဆက်

ဧပြီ ၂၁

ဘယ်လ်ဂျီယံကုမ္ပဏီ Zentech က  ၉၇%  ယုံကြည်စိတ်ချရသည့် COVID-19 ရောဂါစမ်းသပ်ပစ္စည်းသစ်ကို မိတ်ဆက်လိုက်ပြီး လာမည့်နွေရာသီ၌ တစ်လအတွင်း ပစ္စည်းအရေအတွက် ၂ သန်းမှ သုံးသန်းအထိ ထုတ်လုပ်နိုင် မည် ဖြစ်ကြောင်းသိရသည်။

ဘယ်လ်ဂျီယံတွင် ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်မှုပေါင်း တစ်နေ့လျှင် ၂ ၀၀၀ သာလုပ်နိုင်ပြီး  စမ်းသပ်မှုပေါင်း ၁၀ ၀၀၀ အထိ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု မတ်လ ၂၅ ရက်က အာဏာပိုင်များက ပြောခဲ့သည်။

အဆိုပါစမ်းသပ်ပစ္စည်းဖြင့် ၁၀ မိနစ်အကြာတွင်  စစ်ဆေးမှုအဖြေကို သိနိုင်ပြီး  IGG နှင့် IGM အမျိုးအစား ပဋိဇီဝပစ္စည်းများကိုလည်း စမ်းသပ်နိုင်ကြောင်း သိရသည်။

“စစ်ဆေးမှုသေချာပြုလုပ်နိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကပဲ ဒီပစ္စည်းကို ကိုင်တွယ်လို့ရပါတယ်၊ လူတိုင်းကိုင်လို့ မရပါဘူး၊ ဒါက ကိုယ်ဝန်စစ်တဲ့ပစ္စည်း မဟုတ်ပါဘူး၊ ဆေးစစ်ချက်ကို အဓိပ္ပါယ်ကောက်ဖို့ အင်မတန်ရှုပ် ထွေးပါတယ်” ဟု Zen Tech ၏အမှုဆောင်အရာရှိချုပ် Jean-Claude Havaux  ကပြောသည်။

ဘယ်လ်ဂျီယံသည် အခြားနိုင်ငံများကဲ့သို့ပင် ဗိုင်းရပ်စ်စမ်းသပ်ရန် ပစ္စည်းအလုံအလောက်မရှိဘဲ ယခုအချိန်ထိ ရောဂါလက္ခဏာပြင်းထန်သောသူများကိုသာ ဦးစားပေးကုသနေရသည်။

ဘယ်လ်ဂျီယံတွင် ယနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ  ၄၀ ၉၅၆ ဦးရှိပြီး ၆ ၀၀၀ နီးပါးသေဆုံးပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly