ကမ္ဘာပေါ်မှာ ခေတ်စားနေတာတွေ၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာရှင်တွေရဲ့ သတင်းတွေကို တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာတဝှမ်း ကြုံနေရတဲ့ ကိုရိုနာကပ်ဘေးဆိုးကြီး ရပ်တန့်အောင် ဒီပိုး ကာကွယ်တိုက်ဖျက်မှု လုပ်ဆောင်ဖို့ကမ္ဘာ့အနုပညာရှင် နာမည်ကြီးတွေက ရန်ပုံငွေ လှူဒါန်းကြပါတယ်။ အဲဒီထဲမှာ ထိပ်တန်းအာရှအနုပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဘယ်သူတွေလဲဆိုတာကိုတော့ Pop Culture အစီအစဉ်မှာ မအေးသန္တာကျော်က ပြောပြပါမယ်။