COVID-19 လူနာတွင် ILO ဝန်ထမ်းတစ်ဦးပါဝင်

ဧပြီ ၂၀

COVID-19 လူနာအသစ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization )မှ ဝန်ထမ်းတစ်ဦး ပါဝင်ကြောင်း နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များအပြောအရ သိရသည်။

ဧပြီ ၁၉ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် လူနာများအနက် လူနာအမှတ်စဉ် (၁၀၉) သည် ILO အဖွဲ့၏ ဒေသခံ စီမံကိန်းအရာရှိတစ်ဦးဖြစ်ကာ အသက် ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦးဟု ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောသည်။
 
သူသည် ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ဇဝနရပ်ကွက်၊ သီရိဇေယျာလမ်းရှိ ခြောက်ထပ်တိုက်၏ တိုက်ခန်းတစ်ခန်းတွင် တစ်ဦးတည်း နေထိုင်သူဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “ တိုက်က ခြောက်ထပ်ဆိုတော့ အားလုံးပေါင်း ၁၂ ခန်းရှိတယ်။ မိသားစုက ၁၀ စုပဲရှိပါတယ်။ အဲဒီတိုက်ကို Lockdown ချပြီးတော့ အဲဒီမှာရှိတဲ့ မိသားစုတွေ စားဖို့သောက်ဖို့ကို ကျတော့ အောက်မှာ အစောင့်ချထားပြီး စီစဉ်ပေးမှာပါ။” ဟု ပြောသည်။
 
ကျန်းမာရေးမှထုတ်ပြန်ကြေညာချက်အရ  လူနာနံပါတ် (၁၀၉) သည် နိုင်ငံရပ်ခြားသို့သွားရောက်ထားသည့် ခရီးသွားရာဇဝင်မရှိသည့်အပြင် ဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် ထိတွေ့မှုမရှိသူဖြစ်သည်။

သူသည် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့သွားရောက်ကုသရာမှဗိုင်းရပ်စ်ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိခဲ့ကာ ယခုအခါ  တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် ဆေးကုသမှုခံယူရန်ပို့ဆောင်ထားပြီးဖြစ်သည်။

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly