ဘာစီလိုနာရဲ့ ရွှေရောင်မျိုးဆက်က တစ်ကျော့ပြန်ဖြစ်လာတော့မှာ မဟုတ်ဘူး - အင်နီယေစတာ

ဘာစီလိုနာရဲ့ ရွှေရောင်မျိုးဆက်က တစ်ကျော့ပြန်ဖြစ်လာတော့မှာ မဟုတ်ဘူး - အင်နီယေစတာ

အင်နီယေစတာက လီယွန်နယ် မက်ဆီနဲ့ ဇာဗီတို့လို ကစားသမားတွေပါဝင်ခဲ့တဲ့ ဘာစီလိုနာရဲ့ ရွှေရောင်မျိုးဆက်ဟာ နောက်ထပ်တစ်ကျော့ပြန်ဖြစ်လာတော့မှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

နာမည်ကျော်ဘောလုံးအကယ်ဒမီတစ်ခုဖြစ်တဲ့ လာမာစီယာအကယ်ဒမီက ဘာစီလိုနာအသင်းအတွက် အင်နီယေစတာတို့လို ပါရမီရှင်လူငယ်ကစားသမားတွေ မွေးထုတ်ပေးလိုက်ပြီး ဒီကစားသမားတွေနဲ့ပဲ ဘာကာကလည်း နှစ်များစွာ တောက်ပခဲ့ပါတယ်။

အဲဒီမျိုးဆက်ထဲက တချို့က ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီး အင်နီယေစတာက ဂျပန်မှာ ကစားနေစဉ်မှာ မက်ဆီ၊ ဂျာရတ် ပီကေးနဲ့ ဘက်ကွက်စ်တို့က ကတ်တလန်အသင်းအတွက် ဆက်လက်ကစားနေပါတယ်။

ဘာစီလိုနာအသင်းဟာ လာမည့်နှစ်တွေမှာ အစွမ်းအစရှိတဲ့ မျိုးဆက်သစ်တစ်ခုကို ယူဆောင်လာလိမ့်မယ်လို့ မျှော်လင့်နေပြီး အင်နီယေစတာကတော့ သူတို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကလို အောင်မြင်မှုမျိုးကို ပြန်မရနိုင်တော့ဘူးလို့ ပြတ်သားစွာ ပြောပါတယ်။

"ဒီလိုမျိုးဆက်က နောက်ထပ်တကျော့ပြန်ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကလပ်အသင်းရဲ့ ဘယ်လိုတွေ လုပ်ဆောင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဒီလိုထပ်တူညီတာမျိုး မဖြစ်နိုင်ပေမယ့် ပိုမိုဆိုးရွားသွားမှာတော့ မဟုတ်ပါဘူး။"လို့ အင်နီယေစတာက ဂါးဒီးယန်းသတင်းဌာနကို ပြောခဲ့ပါတယ်။

"အသင်းသမိုင်းကြောင်းရဲ့ ခေတ်ကာလတိုင်းလိုလိုမှာ ရလဒ်တွေ ဆိုးရွားနေတဲ့အချိန်ဆိုရင် လူငယ်တွေက ပထမအသင်းကြီးမှာ အခွင့်အရေးတစ်ခု ရရှိလေ့ရှိပါတယ်။ သူတို့က လူငယ်အသင်းဘက်ကို ပြန်လှည့်ကြည့်ခဲ့တယ်။ ကျနော့်ခေတ်မှာ အဲဒီလိုဖြစ်ခဲ့တာပါ။"

"ဒါက နည်းပြဘယ်သူလဲဆိုတာ မူတည်သလို ကလပ်အသင်းရဲ့ အခြေအနေရောပေါ့။ ဒါပေမယ့်  အသင်းကြီးအတွက် ကစားနိုင်လောက်အောင် ကောင်းမွန်တဲ့ လူငယ်ကစားသမားတစ်ယောက်ဟာ အသင်းကြီးကို ရောက်ပြီလို့ ကျနော် အမြဲတွေးပါတယ်။ ဒါက အခြေအနေတစ်ခုပေါ်မှာ တည်မှီတာ ဒါမှမဟုတ် တခြားတစ်ခုမှာပေါ့။"

"ကျနော်တို့တစ်တွေ လူငယ်ဘဝကတည်းက ကလပ်အသင်းမှာ နှစ်ပေါင်းများစွာ ကြီးပြင်းလာပြီး ပထမအသင်းကြီးဆီ ရောက်လာခဲ့တယ်။ ဒီမှာ ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၅ နှစ်လောက် နေလာကြပြီး အသင်းခေါင်းဆောင်တွေ ဖြစ်လာတယ်။ ကျနော်တို့အားလုံး ဒီနေရမှာ စုဖွဲ့ခဲ့ကြပါတယ်။"

"'ဒီလိုမျိုးဖြစ်လာဖို့အတွက် ခက်ခဲပါတယ်။ ဒါက တကယ် ခက်ခဲတာပါ။ ကျနော်တို့က အကောင်းဆုံးကစားသမားတွေရှိတဲ့ ကလပ်အသင်း ဘာစီလိုနာအကြောင်း ပြောနေတာပါ။"

"ဗဲဒက်စ်၊ ပူယိုးလ်၊ ဇာဗီနဲ့ ကျနော်တို့ဟာ ဘက်ကွက်စ်၊ ပီကေးနဲ့ မက်ဆီတို့နဲ့အတူ မြင်ကွင်းတစ်ခုမှာ ပေါ်လာခဲ့တယ်။ ကျနော်တို့ ဘဝတစ်လျှောက်လုံး ဒီကလပ်မှာပဲ ရှိခဲ့ပြီး ကျနော်တို့က 'ပေါင်းစပ်'ခဲ့တယ်။ တခြားသူတွေမှာ ဒါမျိုးမရှိပါဘူး။"

ဘာစီလိုနာအတွက် ပွဲပေါင်း ၆၀၀ ကျော်ကစားပေးပြီးနောက် အင်နီယေစတာဟာ ၂၀၁၈ ခုနှစ်မှာ ကလပ်အသင်းကနေ ထွက်ခွာခဲ့ပြီး ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘေးအသင်းအတွက် ဆက်ကစားနေပါတယ်။

နူးကမ့်ကနေ သူ့ရဲ့ ထွက်ခွာမှုက သံသယဖြစ်ဖွယ်ကောင်းတဲ့ အနေအထားမှာရှိပေမယ့် စပိန်ကစားသမားက သူဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးတဲ့နောက်မှာ သူဟာ ကလပ်အသင်းဆီ ပြန်လာဖို့ အဆင်သင့်ဖြစ်နေမယ်လို့ ပြောခဲ့ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly