ကိုဗစ်-၁၉ နောက်ထပ် ၁၂ မှုထပ်တွေ့

ဧပြီ ၁၅

ကျ န်းမာရေးဝန်ကြီးဌာနက ယနေ့နံနက်ထုတ်ပြန်ချက်အရ  COVID-19 ဖြစ်ပွားသူအရေအတွက် အသစ်တိုးမှု ၁၂ မှုတွင် ရန်ကုန်တိုင်းဒေသကြီးနေသူ ၁၀ ဦး ပါဝင်သည်ကို တွေ့ရသည်။

ရန်ကုန် လှိုင်သာယာ၊ ပန်းဘဲတန်း၊ မရမ်းကုန်း၊ ဗဟန်းနှင့် အင်းစိန်မြို့များတွင် နေထိုင်သူများနှင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ နှစ်ဦးဖြစ်ကာ လူနာအားလုံးမှာ အစောပိုင်းရက်များက တွေ့ရှိထားသော လူနာများနှင့် ထိတွေ့ဆက်စပ်သော ပြည်တွင်းကူးစက်မှုဖြစ်သည်။
 
လူနာအမှတ် (၂၄) နှင့် ထိတွေ့ဆက်စပ်သူများမှ
လှိုင်သာယာ၊ မရမ်းကုန်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မှ လေးဦးတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည်။
 
 COVID-19 ဖြင့် ကွယ်လွန်သွားခဲ့သူတစ်ဦးဖြစ်သော ပန်းဘဲတန်းနေသူနှင့် ထိတွေ့ဆက်စပ်ခဲ့သူများမှ လေးဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုဖြစ်ပွားကြောင်း ဓာတ်ခွဲအတည်ပြုခဲ့သည်။

ဧည့်လမ်းညွှန်အမျိုးသမီးနှင့် ဆက်စပ်၍ နောက်ထပ်လူနာတစ်ဦးတွေ့ရှိသည်။
 
ကလေးမြို့မှ လူနာတစ်ဦးကတော့ မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော လူနာအမှတ် (၁) နှင့် လူနာအမှတ် (၂၃) တို့ နှင့် ထိတွေ့ဆက်စပ်ခဲ့သူဖြစ်သည်။
 
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ ၇၄ ဦးရှိသွားပြီဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly