ဆရာဝန်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

ဧပြီ ၁၁

ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ညထုတ်ပြန်ချက်အရ နောက်ထပ်တွေ့ရှိသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦးတွင် ဓာတ်ခွဲအတည်ပြုလူနာတစ်ဦးကို အနီးကပ်ဆေးကုသမှုပေးခဲ့သည့် ဆရာဝန်တစ်ဦးပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအနက် ပထမဆုံး ကူးစက်မှုခံရသော ဆရာဝန်ဖြစ်လာသည်။ မည်သည့်ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း လတ်တလောကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်းနှင့် ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းကုသရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ထပ်လူနာနှစ်ဦးမှာ အင်္ဂလန်ပြန် တောင်ကြီးမြို့မှ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် လူနာအမှတ် (၁) ကလေးမှ တီးတိန်သို့အသွား ညအိပ်တည်းခိုခဲ့သော နေအိမ်မှ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

ယခုအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 လူနာ ၃၁ ဦးရှိသွားပြီဖြစ်သည်။ လူနာ ၂၅ ဦး၏ ကျန်းမာရေးအခြေအနေ တည်ငြိမ်လျက်ရှိပြီး တစ်ဦးကတော့ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံရှိ အထူးကြပ်မတ်ခန်း၌ ဆေးကုသမှုခံယူနေရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly