ကယားပြည်နယ်တွင်း လက်ဆေးဘေဇင်တပ်ဆင်ခြင်းများပြုလုပ်

၈ ရက်နေ့ ဧပြီလ ၂၀၂၀

ကယားပြည်နယ်အတွင်းရှိ  မြို့နယ် သုံးမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ရန် လက်ဆေးဘေဇင် တပ်ဆင်ခြင်းနှင့် လက်ဆေးဆပ်ပြာများ ထားရှိပေးခြင်း စီမံကိန်းကို   အင်္ဂါနေ့က စတင်လုပ်ဆောင်သည်။

လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖားဆောင်မြို့နယ်များရှိ ကျေးရွာ ဒေသခံများ လက်ဆေးသည့်စနစ် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းပြီး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးညွန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောသည်။

“ မြို့နယ် ၃ မြို့နယ်အတွက်ကို ကနဦး သက်ဆိုင်ရာ ကော်မီတီတွေ မြို့နယ်အုပ် ချုပ်ရေး အဖွဲ့တွေ၊ လွတ်တော်ကော်မီတီတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့မှ  ကျေးရွာပေါင်း ၄၂ ရွာ၊ လက်ဆေး ဘေဇင်ပေါင်း အခု ၅၀ ကနဦး တပ်ဆင်သွားမှာ ဖြစ်ပါတယ်” လို့ ၎င်း ကပြော သည်။

လုပ်ငန်းဆောင်ရွက်ဖို့အတွက် ရံပုံငွေကို ကျေးလက် ဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း ၍ မြို့နယ် တစ်မြို့နယ်ကို ကျပ်ငွေ ၃၂ သိန်းခွဲ  ခွင့်ပြုထားသည်။
 
ကျေးလက် ဦးစီးညွန်ကြားရေးမှူး ဦးကျော်သူအောင်က ဆက်ပြီးတော့ လွိုင်ကော်မြို့ နယ်မှာရှိသည့် ကျေးရွာ ၁၆ ရွာကို တပ်ဆင်ပေးမှာ ဖြစ်ပြီး အဓိက လူစည်ကား တဲ့ ကျေး ရွာများကို ရွေးချယ်တပ်ဆင်တာဖြစ်ကြောင်း  ပြောသည်။

 ပဒါးညေးကျေးရွာနှင့် အနီးအနားရွာများတွင် COVID-19 ရောဂါ ကာကွယ်ရန် ဧပြီလ ၁ရက်နေ့မှ စတင်၍ ကျေးရွာများကို ပိတ်ထားပြီး လူစိတ်း အဝင်အထွက် အပါအဝင်  ဧည့်သည်များ ညအိပ်နာခွင့်တို့ကို ပိတ်ပင်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly