လိုင်ယွန်အသင်းရဲ့တိုက်စစ်မှူး ဒီပေး ကတော့ သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ ကျောပြင်အပြည့်ရေးထိုးထားတဲ့ ခြင်္သေ့ပုံတက်တူးကြီးကို ထုတ်ကြွားလိုက်ပါတယ်။ Covid-19 ကြောင့် နေအိမ်မှာပဲ အနားယူရနေရတဲ့ ဒီပေးဟာ သူ့ရဲ့အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ Liger တစ်ကောင်နဲ့အတူ ရှိနေတာပါ။
ခြင်္သေ့အထီးနဲ့ ကျားအမတို့ စပ်ပြီး ဖောက်ထားတယ်ဆိုတဲ့ Liger ဟာ ခြင်္သေ့တွေ၊ ကျားတွေထက် ပိုပြီး သိမ်မွေ့တယ်၊ သဘောကောင်းတယ်လို့ ဆိုကြပေမယ့်လည်း သူ့ကို အန္တရာယ်ရှိတဲ့ သတ္တဝါစာရင်းထဲမှာ ထည့်သွင်းထားတာပါ။
Memphis Depay channels his inner Tiger King as Lyon star poses with liger and shows off big cat tattoo https://t.co/O2wJhq240A
— The Sun Football (@TheSunFootball) April 1, 2020
ဒီပေး က ဗိုင်းရပ်စ်အန္တရာယ်ကို ကာကွယ်ဖို့ နေအိမ်ထဲမှာ နေစဉ်မှာ Liger ပေါက်စလေး တစ်ကောင်ကို ခေါ်မွေးထားခဲ့တာဖြစ်ပြီး သူနဲ့ အဲဒီအကောင်လေးရဲ့ပုံကိုလည်း သူ့ရဲ့အင်စတာဂရမ်မှာ ပြသွားခဲ့ပါတယ်။
Man Utd flop Memphis Depay channels his inner Tiger King in home photo with liger #mufc #ManUtd https://t.co/QiJDWN9UiE
— Man Utd Latest (@ManUtdLatestCom) April 2, 2020
မန်ယူအသင်းကနေ လိုင်ယွန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီးနောက် လိုင်ယွန်မှာ အဓိက တိုက်စစ်မှူးအဖြစ် နေရာရနေတဲ့ ဒီပေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာတော့ ဒူးဒဏ်ရာ ရသွားခဲ့ပြီး ဆေးကုသမှုတွေ ခံယူခဲ့ရတာပါ။
ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ စာချုပ်ကုန်ဆုံးမှာဖြစ်တဲ့ ဒီပေး ကို လိုင်ယွန်အသင်းက စာချုပ် ချုပ်ဆိုဖို့ ကြိုးစားနေပြီး သူ့ရဲ့အသင်းဟောင်း မန်ယူ ဆီကိုလည်း ရောက်ရှိသွားနိုင်တဲ့ အခြေအနေတွေရှိနေတယ်လို့ ပြင်သစ်သတင်းစာတွေက ဖော်ပြနေကြပါတယ်။
What's Memphis Depay been doing in pre-season?
Releasing a new song pic.twitter.com/013YV9ZUdD
— Goal (@goal) July 21, 2019
ဘောလုံးကစားတာ ကောင်းရုံတင်မကပဲ ရက်ပ်သီချင်းသီဆိုတဲ့နေရာမှာလည်း ဆရာကျတဲ့ ဒီပေးဟာ သူ့ရဲ့ သီချင်းဗီဒီယိုတွေကို မကြာခဏဆိုသလို ဖန်တီးလေ့ရှိပြီး သူက ပရိသတ်တွေကြားမှာ အဆိုတော်ကောင်းတစ်ယောက်အနေနဲ့လည်း နာမည်ကြီးပါသေးတယ်။
Memphis Depay and Quincy Promes. Footballers. Rappers. And their song drops Friday.
(via IG/memphisdepay) pic.twitter.com/QPdW0trYOi— NBC Sports Soccer (@NBCSportsSoccer) June 19, 2017