၉၇ နှစ်အရွယ် မီချီဂန်အဖွားအို အထက်တန်းကျောင်းဒီပလိုမာဘွဲ့ လက်ခံရရှိ

၉၇ နှစ်အရွယ် မီချီဂန်အဖွားအို အထက်တန်းကျောင်းဒီပလိုမာဘွဲ့ လက်ခံရရှိ

ဂရန်းပစ်၊ နိုဝင်ဘာ - ၂ ။       ။ အသက်၉၇နှစ်အရွယ် အဖွားအိုတစ်ယောက်မှာ မိသားစုကို ကူညီရန် ကျောင်းမှ ထွက်ခဲ့ရပြီးနောက် နှစ်ပေါင်း၈၀အကြာတွင် မီချီဂန် အထက်တန်းကျောင်းတစ်ကျောင်းမှ အပ်နှင်းသည့် ဂုဏ်ထူးဆောင် ဒီပလိုမာဘွဲ့ကို လက်ခံရရှိခဲ့သည်။

အဖွားအို မာဂရက် သွန်း ဘီကီမာမှာ နောက်ဆုံးတွင် သူငယ်ချင်းများနှင့် မိသားစု၏ ရှေ့မှောက်၌ ဘွဲ့ဦးထုပ်ကို ဆောင်းနိုင်ခဲ့ပြီဖြစ်ကာ တစ်သက်တာ ရည်မှန်းချက်ကိုလည်း ဖြည့်ဆည်းနိုင်ခဲ့ပြီဖြစ်သည်။ Grand Rapids ရှိ ကက်သိုလစ် ဗဟိုအထက်တန်းကျောင်းမှ ကျောင်းအုပ်ချုပ်ရေးမှူးများက သူမကို ဒီပလိုမာဘွဲ့ အပ်နှင်းခဲ့ကြခြင်းပင်ဖြစ်သည်။

အဖွားအို ဘီကီမာမှာ ၁၉၃၆ခုနှစ်က အတန်းနှင့်အတူ ကျောင်းဆင်းရမည်ဖြစ်သော်လည်း ငယ်နုစဉ်ကာလတွင် မိခင်ဖြစ်သူမှာ ကင်ဆာဖြင့် မကျန်းမမာဖြစ်နေသောကြောင့် မွေးချင်း အငယ်များကို ပြုစုစောင့်ရှောက်ရန်အတွက် ကျောင်းမှ ထွက်ခဲ့ရသည်။

အသက် ၁၇နှစ်အရွယ်တွင် ကျောင်းထွက်လိုက်ရသည့်အတွက် အဖွားအို ဘီကီမာခမျာ အသည်းကွဲခဲ့ရပြီး ယခုကဲ့သို့ သူမကို ပြန်လည်အသိအမှတ်ပြုသည့်အတွက် ကျေးဇူးတင်မဆုံးဖြစ်နေသည်ဟု ဆိုသည်။

ဂရန်းပစ်မှာ ဒက်ထရွိုက်မြို့၏ အနောက်မြောက်ဘက် မိုင်၁၆၀အကွာတွင်ရှိသည့် မြို့ငယ်လေးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly