Covid-19 ရောဂါကြောင့် အီတလီကလပ်အသင်းတွေ အခက်တွေ့နေကြချိန်မှာ ဂျူဗင်တပ်စ်အသင်း ကစားသမားတွေကတော့ သူတို့ရဲ့အသင်းကို ပြန်လည်ကူညီဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒီအစီအစဉ်ကို ဂျူဗင်တပ်စ်နောက်ခံလူ ချီလီနီက စတင် တိုက်တွန်းခဲ့တာဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် အသင်းအနေနဲ့ လစာတွေ အလကားပေးနေရတဲ့အခြေအနေကို ပြန်လည်ကူညီကြဖို့ အသင်းဖော်တွေကို စည်းရုံးခဲ့တာပါ။
Juventus players agree to waive four months' wages to help club during coronavirus crisis https://t.co/pEyjQaPVGc
— Telegraph Football (@TeleFootball) March 28, 2020
ချီလီနီရဲ့ အကြံပြုချက်ကို စီနီယာကစားသမားတွေအားလုံးက သဘောတူခဲ့ကြပြီး သူတို့ရဲ့လစာငွေတွေကို လျော့ယူပေးမယ်ဆိုတဲ့အကြောင်း ပြန်လည်အကြောင်းပြန်ခဲ့ကြတာပါ။
ဂျူဗင်တပ်စ်ရဲ့တိုက်စစ်မှူး ရော်နယ်ဒို အပါအဝင် ကစားသမားအားလုံးက လစာလျော့ယူဖို့ ဆုံးဖြတ်ခဲ့ကြတာကြောင့် ဂျူဗင်တပ်စ်ဟာ ယူရိုသန်း(၉၀)လောက် သက်သာသွားမှာဖြစ်ပြီး အသင်းအတွက် ကုန်ကျစရိတ်ကို လျော့ချနိုင်တော့မှာဖြစ်ပါတယ်။
ဂျုဗင်တပ်စ်အသင်းရဲ့ တရားဝင် ဝက်ဆိုက်မှာ ဖော်ပြထားတဲ့ ကြေညာချက်ထဲမှာတော့ ဂျူဗင်တပ်စ်အသင်းရဲ့ စီနီယာကစားသမားတွေနဲ့ နည်းပြတွေဟာ ဒီရာသီမှာ သူတို့ရဲ့လစာကို လျော့ပြီး ယူကြမှာဖြစ်ပြီး မတ်၊ ဧပြီ၊ မေ၊ ဇွန် (၄)လ စလုံးကို လစာလျော့ယူပေးသွားကြမှာဖြစ်တယ်လို့ ဖော်ပြထားတာပါ။
During the last 15 hours,
Cristiano Ronaldo has donated five ventilators for intensive therapy in the Madeira region to fight against coronavirus.
And
He has asked to lower his annual salary by €3.8m to help Juventus pay staff wages.
Man of humanity @Cristiano pic.twitter.com/v9SsQLKgzy
— Forza Juventus (@ForzaJuveEN) March 28, 2020
ကလပ်အသင်းအနေနဲ့ ဘောလုံးပွဲတွေ ပြန်လည်စတင်ပြီဆိုတာနဲ့ ကစားသမားတွေရဲ့ လစာကို ပုံမှန်အတိုင်း ပြန်လည်တိုးမြှင့်ပေးသွားမှာဖြစ်ပြီး ဒီလို ကူညီပေးမှုအတွက် ကစားသမားတွေကို ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြသွားခဲ့ပါတယ်။
Cristiano Ronaldo, Juventus to forgo $100 million in wages in virus relief effort https://t.co/KJ3y25Z4lq
— The Boston Globe (@BostonGlobe) March 28, 2020
ဂျာမနီဘောလုံးကလပ်အသင်းကြီး တစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာလည်း သူတိုရဲ့ ကစားသမားတွေကို လစာ (၂၀)ရာခိုင်နှုန်း လျော့ယူပေးဖို့ ဆွေးနွေးရာမှာ အောင်မြင်မှု ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ဒေါ့တ်မွန်ကစားသမားတွေကလည်း လစာလျော့ယူပေးဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
Bayern Munich players waive 20 per cent of wages in support of club staff | Football News | Sky Sports https://t.co/DSkNpZGgzx
— PriceOfFootball (@KieranMaguire) March 25, 2020
ပရီးမီးယားလိဂ်မှာတော့ ကစားသမားတွေက လစာငွေလျော့ယူပေးဖို့ ညှိနှိုင်းမရပဲ ဖြစ်နေတာကြောင့် အသင်းတွေအနေနဲ့ ဆက်လက် ဆွေးနွေးနေကြရဆဲပဲဖြစ်နေတယ်လို့ Goal က ဖော်ပြပါတယ်။